32 C
Yangon

နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ စုပေါင်း၍ စစ်အာဏာရှင်တော်လှန်ရေး ရဲဘော်များအတွက် ရိက္ခာနှင့် ငွေကြေးများ လှူဒါန်း

Must read

နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ စုပေါင်း၍ စစ်အာဏာရှင်တော်လှန်ရေး ရဲဘော်များအတွက် ရိက္ခာနှင့် ငွေကြေးများ လှူဒါန်း

ရန်ကုန်၊ မေ ၁၀

မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ အကျဉ်းထောင်တစ်ခုမှ နိုင်ငံရေးအကျဉ်းသားများ စုပေါင်း၍ ၎င်းတို့၏ မိသားစုဝင်များပေးပို့သည့် ထောင်ဝင်စာအပါအဝင် ရိက္ခာများကို တော်လှန်ရေးအဖွဲ့များဆီသို့ ပေးပို့ထောက်ပံ့ခဲ့ကြောင်း အကျဉ်းသားနှင့် နီးစပ်သူများထံမှ သိရှိရသည်။

ထောက်ပံ့မှုတွင် ကော်ဖီထုပ် ၁၀၀၀ ၊ ခေါက်ဆွဲပြုတ် အထုပ် ၁၀၀၀ ၊ ငါးခြောက်ကြော်၊ ငံပြာရည်ကြော်နှင့် ကြက်မွကြော်ထုပ်များ ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားများကို လျှို့ဝှက်ကူညီပေးနေသည့် အကျဉ်းဦးစီးဌာနဝန်ထမ်းအချို့၏ အကူအညီဖြင့် အောင်မြင်စွာပေးပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းသားနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“စစ်ဘေးရှောင် ပြည်သူတွေ၊ အကျဉ်းစခန်းအသီးသီးက နိုင်ငံရေးအကျဉ်းသားတွေ၊ ဖိနှိပ်ခံရမှုများကြားက ပြည်သူတွေ အားလုံးအားလုံး စစ်အာဏာရှင်အောက်က လွတ်မြောက်စေဖို့ ရှ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့စစ်သားတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ အခုပေးပို့နိုင်တဲ့ ပမာဏက သိပ်မများပေမယ့် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ဆောင်ရွက်ခဲ့ကြခြင်းပါ။ ခက်ခက်ခဲခဲစွန့်စွန့်စားစားပေးပို့ကြတာပါ။ ပြည်သူ့စစ်သားတွေ ကျန်းမာကြံ့ခိုင်ပြီး ဘေးဘယအန္တရာယ်ကင်းစေဖို့လည်း နိုင်ငံရေးအကျဉ်းသားများက မေတ္တာပို့သပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများက ၎င်းတို့ကို ကူညီသည့် အကျဉ်းဦးစီးဌာနဝန်ထမ်းအချို့ကို စကားပါးကြောင်း အကျဉ်းသားနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အကျဉ်းထောင်တစ်ခုအတွင်းရှိ အကျဉ်းသူ အကျဉ်းသားများကလည်း နွေဦးတော်လှန်ရေး ရန်ပုံငွေအဖြစ် ကျပ် ၅၀၀,၀၀၀ တိတိကို People’s Revolution Alliance (PRA-Magway) သို့ လှူဒါန်းခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article