29 C
Yangon

တန့်ဆည်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို အကြိမ် ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

တန့်ဆည်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို အကြိမ် ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှ မိုင်းရှင်းရန် ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို PDF တပ်များက အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

မေလ ၉ ရက်နေံ နံနက် ၁ နာရီမှ မွန်းတည့် ၁၂ နာရီ ခန့်အချိန်အထိ တန့်ဆည်မြို့မှ မြောက်ဘက် ခွေးနက်ချောင်းအနီးသို့ မိုင်းရှင်းထွက်လာသော စစ်သားနှင့် ပျူစောထီး ၁၀ဦးခန့်ကို ၄ ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ စစ်သား ၂ ဦးသေဆုံးခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၂၆) တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မြို့ရဲ့မြောက်ဘက် မီတာ၅၀၀‌ခန့်အကွာကို မိုင်းလာရှင်းတာပါ၊ အဲ့ဒါ ရှင်းတဲ့ကောင်တွေကို မိုင်းဆွဲလွှတ်လိုက်တယ်။ အဲ့မှာ အကုန်ပြန်ပြေးပြီး ညနေဘက်ကျ ထွန်စက်နဲ့ ပြန်လာရှင်းတာ။ သူတို့ မိုင်းတစ်ခုမှ မရှင်းလင်းနိုင်ခဲ့ဘူး” ဟု ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာ၍ ထွက်ပြေးခဲ့ရသော ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို တန့်ဆည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးခဲ့ပြီး ယနေ့ညနေ၅နာရီခန့်တွင် ၎င်းတို့အနက်မှ ၂ဦး သေ‌ဆုံးသွားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း(၂၆) MDF – Taze Tiger ၊ KPK၊ TSR၊ PLAနှင့် မြောက်ပိုင်းတိုက်နယ်ပကဖအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article