29 C
Yangon

ယင်းမာပင်၊ ထန်းဇင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း ပစ်ခတ်မှုကြောင့် ၄ လအရွယ် ကလေးငယ် ၁ ဦးကျည်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး

Must read

ယင်းမာပင်၊ ထန်းဇင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း ပစ်ခတ်မှုကြောင့် ၄ လအရွယ် ကလေးငယ် ၁ ဦးကျည်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး

ရန်ကုန်၊ မေ ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းဇင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း ပစ်ခတ်မှုကြောင့် ၄ လအရွယ် ကလေးငယ် ၁ ဦးကျည်ထိမှန်ကာ မိခင်ဖြစ်သူ သေဆုံး ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့တွင် ဘန့်ဘွေးရွာမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထန်းဇင်ရွာကို ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ မဖြူစန်း သေဆုံးကာ ၎င်း၏ ရင်ဝယ်ပိုက် ၄ လအရွယ် ကလေးငယ်လည်း ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ ပစ်ခတ်လို့ မိခင်ဖြစ်သူ မဖြူစန်းကတော့ သေဆုံးသွားတယ်။ ကလေးက နာမည်တောင် မပေးရသေးဘူး။ မနေ့က နံနက်က ဘန့်ဘွေးက ထွက်တဲ့ခွေးတွေက ထန်းဇင်ရွာကိုဝင်ပြီး ပစ်ခတ်သွားတာ ကလေးအမေ ကျောပြင်ကနေ ရင်ဘတ်ပေါက်ပြီး ကလေးပါ ကျည်ထိမှန်သွားတာ မိခင်ဖြစ်သူက မနေ့က ၂ နာရီမှာ ဆုံးသွားတယ်။ ကလေးက ဆေးကုသမှု ခံယူနေတုန်းပဲ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နဘူးတောရွာသား ကိုနိုင်ဦး (ခ) အဲဘို အပါအဝင် ပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ခဲ့ပြီး ကျေးရွာအတွင်းရှိဘုန်းကြီး ကျောင်းနှင့် စစ်ရှောင် ပြည်သူများထံက ငွေကျပ်သိန်း ၂၀၀ ကျော်ကို ခိုးယူသွားကြောင်း၊ ထို့ပြင် ဘန့်ဘွေး မြောက်ရွာ မယ်ဇောတောတိုက်မှ အသက် ၆ နှစ် အရွယ် မချယ်ရီနှင့် အသက် ၁၆ နှစ်အရွယ် မငွေဌေးတို့ကိုလည်း သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ယင်း စစ်ကြောင်းသည် ကနီမြို့နယ် လည်ရှည်ရွာအတွင်း ရောက်ရှိနေကြောင်း ဒေသခံပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article