36 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ် ကင်းပုန်းနှင့် လှည့်ကင်းတို့ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ပေါက်မြို့နယ်တွင် စစ်တပ် ကင်းပုန်းနှင့် လှည့်ကင်းတို့ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၃

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် လှည့်ကင်းတို့ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံး​ကြောင်း Pauk Revolution Front မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၂ ရက် နံနက် ၁၀ နာရီခန့်က ပခုက္ကူမြို့မှ ပေါက်မြို့သို့ လာရောက်မည့် အကြမ်းဖက် ယာဉ်တန်းကို လုံခြုံရေးယူပေးရန် ပေါက်မြို့၊ အုန်းတောတံတားထိပ်အနီးလမ်းပေါ်၌ ကင်းပုန်းယူ နေ သော အကြမ်းဖက်စစ်သား ၃ ဦးကို စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးနေရာပင် ထိမှန်သေဆုံး ပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေး ရုံသို့ တင်ပို့ထားကြောင်း သိရသည်။

“စနိုက်ပါနဲ့ပစ်ပြီးပြန်ဆုတ်ခဲ့တာ၊ စစ်ခွေးတွေဘက်က ၄၀ မမ၊ ၆၀ မမတွေနဲ့ ပြန်ပစ်တယ်၊ ရမ်းပစ် တာပေါ့၊ မေလ ၁၁ ရက်နေ့ကလည်း တပ်ကုန်းပျူရွာကနေ ကင်းလှည့်ထွက်လာတဲ့ ပျူ ၄ ဦးကို စနိုက် ပါနဲ့ပစ်ခဲ့သေးတယ်၊ အင်တာနက်လိုင်းမကောင်းလို့ သတင်းတင်တာ နောက်ကျနေတာ၊ ရဲဘော်တွေ ဘေးကင်းပါတယ်” ဟု Pauk Revolution Front မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

မေလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က ပေါက်မြို့နယ်၊ တပ်ကုန်း(ပျူ)ရွာမှ ကင်းလှည့်ရန် ထွက်ခွာလာ သော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၄ ဦးကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ ခြေထောက် ထိမှန်ဒဏ်ရာရရှိကာ တပ်ကုန်းရွာအတွင်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Pauk Revolution Front (PRF) ၊ ပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း ၊ မြိုင် မြို့နယ် (ပကဖ)၊ ဗိုလ်တစ္ဆေ(ပေါက်) တပ်ဖွဲ့နှင့် Local PDF များ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article