31 C
Yangon

မိုခါမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး လျှပ်စစ်မီးများ ပြတ်တောက်နေ

Must read

မိုခါမုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ပြီး လျှပ်စစ်မီးများ ပြတ်တောက်နေ

ရန်ကုန်၊ မေ ၁၄

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယနေ့ နံနက် ၂ နာရီ ၂၀ မိနစ်အချိန်မှစတင်ပြီး မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းများ စတင်တိုက်ခတ်နေပြီး လျှပ်စစ်မီးများအားလုံး ပြတ်တောက်နေကြောင်း ရန်ကုန်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“မနက် ၂ နာရီ ၂၀ လောက်ကတည်းက မိုးတွေရွာ၊ လေပြင်းတွေ တအားတိုက်တယ်။ အိမ်တွေကို လေတွေက ဆောင့်ပြီး တိုက်တာ။ တစ်ချက်တစ်ချက် အိမ်တောင် ပြိုမလားမှတ်ရတယ်။ အရမ်းကို ကြမ်းတာ။ မီးတွေကတော့ ၂ နာရီခွဲ လောက်မှာ ပြတ်သွားတယ်။ ဘယ်သူမှလည်း မအိပ်ရဲဘူး။ တချို့အိမ်တွေလည်း သွပ်တွေ လန်နေတယ်။ ရန်ကုန် တောင် ဒီလောက် အဖျားခတ်နေရင် ရခိုင်က လူတွေအတွက် မတွေးရဲစရာပဲ” ဟု ရန်ကုန်ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၁၅၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်း ၊ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ရန် ချည်းကပ်နေပြီး လေတိုက်နှုန်းများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ ကမ်းရိုးတန်းပိုင်း ကုန်းတွင်းသို့ ဝင်ရောက်ချိန်တွင် လေတိုက်နှုန်း လျော့ကျနိုင်သော်လည်း လေတိုက်နှုန်း အရှိန်ပြင်းမှုနှင့်အတူ ဖြစ်ပေါ်လာသော မုန်တိုင်းဒီရေကို သတိထားရန် လိုအပ်ကြောင်း နိုင်ငံတကာမိုးလေဝသနှင့်ဇလဗေဒဌာနများက သတိပေးချက်များ အသီးသီးထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မီးပျက်နေသော ရန်ကုန်ညမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo-AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article