36 C
Yangon

ခင်ဦးတွင် မိုခါမုန်တိုင်းကြောင့် ရွာပေါင်း ၄၉ ရွာမှ စိုက်ပျိုးမြေ ဧက ၁၀၀၀၀ ကျော် ​ရေနစ်မြုပ် ပျက်စီး

Must read

ခင်ဦးတွင် မိုခါမုန်တိုင်းကြောင့် ရွာပေါင်း ၄၉ ရွာမှ စိုက်ပျိုးမြေ ဧက ၁၀၀၀၀ ကျော် ​ရေနစ်မြုပ် ပျက်စီး

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ရွာပေါင်း ၄၉ ရွာမှ စိုက်ပျိုးမြေ ဧက ၁၀၀၀၀ ကျော် ​ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့တွင် မိုခါမုန်တိုင်းကြောင့် မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး ခင်ဦးမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာ ၄၉ ရွာမှ တောင်သူများ စိုက်ပျိုထားသည့် နွေရာသီ ယာသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုတ် အပြင် ဂန္တမာပန်း ခင်းများအပါအဝင် စိုက်ပျိုးမြေဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ် ဆုံးရှုံး ပျက်စီးခဲ့ကြောင်း သိရသည်။

” ခင်ဦးမြို့နယ် အနောက်ခြမ်းက ရွာပေါင်း ၄၉ ရွာကို မနေ့က မိုခါမုန်တိုင်းကြောင့် မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပြီး နွေရာသီ ယာသီးနှံတွေဖြစ်တဲ့ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ် အပြင် ဂန္တမာပန်း ခင်းများအပါအဝင် စိုက်ဧက ၁၀၀၀၀ ကျော် ရေနစ် ဆုံးရှုံး ပျက်စီး ခဲ့ပါတယ်” ဟု တောင်သူတစ်ဦးက ပြောဆိုသည်။

စိုက်ပျိုးမြေ ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာ ၄၉ ရွာမှာ ဂျပို့၊ ပေါက်သင့်တုံ၊ မဒေါင်းကြီး၊ ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ ရှင်မင်းတွေ၊ သရက်ကုန်း၊ ကင်းပြစ်၊ တဲစု၊ မြစ်တော်၊ မုံလှ၊ သာဝတ္ထိ၊ ကျွန်းတောကြီး၊ ဥယျဥ်၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ အောင်သာ၊ အင်းပေါက်၊ သဲကုန်းကြီး၊ ကျီးအိုင်၊ မုံတော၊ ဒါန်းကုန်း၊ မှန်သာ၊ ကျွန်းစွယ်၊ ကျွန်းလည်၊ သိမ်တော်၊ မှန်သာလေး၊ ညောင်ပင်ကြီးစု၊ ရုံးစု၊ မူးသာ၊ ရွာသစ်၊ သက်ပေး၊ တာတိုင်၊ လက်ပံကွက်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ သာဂရနှင့် မြို့သစ် တို့ဖြစ်ကြောင်း သိရသည်။

Photo – မိုခါမုန်တိုင်းကြောင့် မိုးအဆက် မပြတ် ရွာသွန်းပြီး မြောက်ယမားချောင်းရေ မြင့်တက်လာကာ ရေကြီး ရေလျှံမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article