ထားဝယ်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား
ရန်ကုန်၊ မေ ၁၅
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသတော်လှန်ရေး အဖွဲ့များက ပြောဆိုသည်။
မေလ ၁၂ ရက် ညနေ ၅ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာနှင့် ဇဟာကျေးရွာကြား ရှိ ဥယျာဉ်ခြံမြေများအတွင်း တပ်ဖြန့်ပြီး ခြေကုပ်ယူရန် ကြိုးစားနေသော အကြမ်းဖက်စစ်သားများကို ဒရုန်း ဖြင့် ကင်းထောက်ပြီး လက်လုပ် ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် အချက် ၅၀ ခန့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်တပ်ရင်း ၁ မှ တပ်ခွဲ ၂ စစ် ကြောင်းနှင့် ဥဩစစ်ကြောင်း တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ မေလ ၁၄ ရက် နံနက် ၈ နာရီခန့်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲကင်းစခန်း ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါရဲစခန်းကို ထားဝယ်စုပေါင်းစစ်ကြောင်း (Dawei Collective Column) တပ်ဖွဲ့မှ ၆၀ မမ လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲကင်းစခန်းရှိ အကြမ်း ဖက်စစ်သား၊ ရဲများ ဘက်မှ လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက် မှုအတွင်း အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှု အ တည် ပြုနိုင်ရန် စုံစမ်းဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။