31 C
Yangon

ပေါက်တောမြို့နယ် ဝင်းကျွန်းကုလားချောင်းရွာတွင် ဘာသာရေးအဆောက်အအုံးများနှင့် နေအိမ် ၂၀၀ ပျက်စီး၊မြောက်ဦးမြို့နယ်၊ နတ်ချောင်းရွာဟောင်း တရွာလုံးနီးပါးပျက်စီး

Must read

ပေါက်တောမြို့နယ် ဝင်းကျွန်းကုလားချောင်းရွာတွင် ဘာသာရေးအဆောက်အအုံးများနှင့် နေအိမ် ၂၀၀ ပျက်စီး၊မြောက်ဦးမြို့နယ်၊ နတ်ချောင်းရွာဟောင်း တရွာလုံးနီးပါးပျက်စီး

ရန်ကုန်၊ မေ ၁၅

မေ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဝင်းကျွန်းကုလားချောင်းရွာ တစ်ရွာလုံးနီးပျက်စီးသွားကြောင်း ကျေးရွာဒေသခံများ က ပြောသည်။

ကျောင်းထိုင်ဆရာတော် အရှင်နန္ဒေါဘာသက “ဘုန်းကြီးကျောင်းရယ်၊ ဓမ္မာရုံရယ်၊ ပြီးတော့ ဥပုသ်သင်္ခန်း၊ ဆွမ်းစားကျောင်းနဲ့ စေတီ၊ စာသင်ကျောင်းအကုန် ပျက်စီးသွားပါတယ်။ ရွာက အိမ်ခြေ ၂၂၀ ရှိတဲ့အထဲမှာ ၂၀၀ လောက်ပျက်စီးကုန်တယ်” ဟုမိန့်သည်။

မုန်တိုင်းကြောင့် ရှေ့ဟောင်းသမိုင်းဝင်ကံကြီးပြင်ဘုရားသိမ်တော်လည်း ပျက်စီးခဲ့ပြီး သိုးလောင်ထားသည့် ကျေးရွာသားများ၏ ဆန်စပါးများလည်း အားလုံးပျက်စီးရှုံးခဲ့ကား လက်တစ်လော အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေကြာင်း ကျေးရွာသားများက ပြောသည်။

ထို့ပြင် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ နတ်ချောင်းရွာဟောင်း ကျေးရွာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီး ကျေးရွာသားမှာ နေစရာ နေရာများလည်း ခက်ခဲမှုများနှင့် ရင်ဆိုင်နေရကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။

မေ ၁၄ ရက်နေ့ နေ့လည်ပိုင်းက တိုက်ခိုက်သွားသည် မိုခါ ဖျက်အားပြင်း မုန်တိုင်းကြောင့် ကျေးရွာအတွင်း၌ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်းများနှင့် လူနေအိမ်အားလုံးနီး ပျက်စီးသွားကြောင်း ဆရာတော်က မိန့်သည်။

အဆိုပါ နတ်ချောင်းရွာဟောင်းကျေးရွာတွင် လူနေအိမ်ခြေ ၁၆၀ ခန့်ရှိပြီး ယင်းအထဲမှာ နေအိမ်အနည်းငယ် မပျက်စီးဘဲ ကျန်နေခဲ့ကြောင်း သိရပြီး လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိကြောင်း ကျောင်းထိုင်ဆရာတော်က ဆက်လက်မိန့်သည်။

(Wester News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article