30 C
Yangon

NLD-OC-Malaysia ရုံးအဖွဲ့မှ ဦးဆောင်၍ Free Daw Aung San Suu Kyi ကမ်ပိန်းကို မလေးရှားရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပူးပေါင်း ပြုလုပ်

Must read

NLD-OC-Malaysia ရုံးအဖွဲ့မှ ဦးဆောင်၍ Free Daw Aung San Suu Kyi ကမ်ပိန်းကို မလေးရှားရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပူးပေါင်း ပြုလုပ်

ရန်ကုန်၊ မေ ၁၆

NLD-OC-MALAYSIA ရုံးအဖွဲ့သည် မလေးရှားရောက် မြန်မာအလုပ်သမားများနှင့် ပူးပေါင်း၍ ဖမ်းစီးခံ နိုင်ငံရေးသမားများ ၊ သမ္မတ ကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်တို့ကို အမြန်ဆုံးပြန်လည် လွတ်ပေးရန် ဆန္ဒပြ သပိတ်တစ်ခုကို ပြုလုပ်ခဲ့ကြသည်။

Free Daw Aung San Suu Kyi ကမ်ပိန်းကို အင်္ဂလန်နိုင်ငံမှ ဦးဆောင်၍ နိုင်ငံတကာကမ်ပိန်းအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းဆုကြည်၏ သား ကိုထိန်လင်း ကိုယ်တိုင်ပါဝင်ခြင်းဖြစ်ကြောင်း၊ ဆန္ဒပြပွဲကို NLD-OC-Malaysia ဒုဥက္ကဌ ဦးချင်းမှ ဦးဆောင်ခဲ့ပြီး မြန်မာပြည်မှ ထွက်ပြေးရောက်ရှိလာသော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM ကျောင်းဆရာ ၊ ဆရာမများလည်း တက်ရောက်ခဲ့ကြောင်း၊ ဆန္ဒပြသပိတ်အတွင်း ကိုစိုးထက်သိန်းမှ စစ်အာဏာရှင်ဆန့်ကျင်း ရေး ကမ်ပိန်းများတွင် ပါဝင် ထောက်ပံ့ကြရန်နှင့် မလေးရှားနိုင်ငံအတွင်း ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပါဝင်ကြရန် ဟောပြောခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article