38 C
Yangon

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း ကနီဦးသိရပြီး တစ်မြို့နယ်လုံး ပျက်စီးမှု ၉၀ ရာခိုင်နှုန်းကျော်ရှိ

Must read

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း ကနီဦးသိရပြီး တစ်မြို့နယ်လုံး ပျက်စီးမှု ၉၀ ရာခိုင်နှုန်းကျော်ရှိ

ရန်ကုန်၊ မေ ၁၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း ကနီဦးသိရပြီး တစ်မြို့နယ်လုံး ပျက်စီးမှု ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၌ မိုခါ မုန်တိုင်း တိုက်ခတ်စဥ် ပြင်လျားရှည်ကျေးရွာ၌ Telenor တာဝါတိုင် ပြိုကျပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းပိတ်နေသောကြောင့် လမ်းတွင် သေဆုံးသွားကြောင်း သိရသည်။

ထို့ပြင် မုန်တိုင်း တိုက်ခတ်မှု​ကြောင့် မြို့ပေါ်ရှိ အဆောက်အဉီးများ အပြင် ကျေးရွာများရှိ နေအိမ် အများအပြားပါ ပျက်စီးဆုံးရှုံးခဲ့ပြီး ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။

“အခု လောလောဆယ် သိရ သလောက်တော့ ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျားရှည်ကျေးရွာမှာ တယ်လီနောတိုင် လဲကျတာ ပိပြီး ၁ ဦးသေတယ်လို့ကြားတယ်။ ခေါင်းနဲ့ ခန္ဓာကိုယ်မှာ ထိခိုက်တာ ဆေးရုံပို့တာ လမ်းတွေပိတ်နေတာနဲ့ သွားမရလို့ လမ်းမှာတင် သေသွားတယ်လို့သိရပါတယ်။ အပျက်အစီးတေ‌ွလည်း များတယ်လို့ပြောနေကြတာတေ‌ွ့တယ်။ ရွာလုံးကျွတ်‌တွေပါ ကုန်တယ်လို့လည်းပြောတာတွေတွေ့တယ်။ အိမ်ခြေ ၄၀၀ ကျော်ကို ၂၀ လောက်ပဲ ကျန်တဲ့ ရွာ‌တွေကောရှိတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရွာလေးတွေပါ။ ပျက်စီးဆုံးရှုံးမှုက ၉၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်း လောက်တော့ ရှိမယ်ထင်တယ်။ နေရာအကုန် ပျက်စီးမှုမသိရသေးဘူး” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article