34 C
Yangon

ပေါင်းတည်၊ ဘီးလင်းနှင့် ဒီးမော့ဆို မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

Must read

ပေါင်းတည်၊ ဘီးလင်းနှင့် ဒီးမော့ဆို မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၆

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကျောက်တံတခါးအုပ်စု၊ သိမ်ကုန်းရွာဘုန်ကြီးနှင့် တာဝါတိုင်၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ မေလ ၁၅ ရက် ညနေ ၄ နာရီခန့်က သိမ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် တာဝါတိုင်ကုန်း၌ အထိုင်ချထားသော အကြမ်းဖက်စစ်တပ်မှ တပ်သား ၅ ဦးသည် သိမ်းကုန်းရွာ တမံသို့ ရေခပ်ဆင်းလာ စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ် ခတ်ကာ သေဆုံးစစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ၎င်းတို့အထိုင်စခန်းသို့ လာရောက် သယ်ဆောင်သွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF (ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ၊ တပ်ခွဲ၂ မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးအကြမ်းဖက်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယနေ့ မေလ ၁၆ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်က ဘီးလင်းမြို့နယ် နတ်ကြီးအကြမ်းဖက်စခန်းကို စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ကာ ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF ၊ KNU / KNLA ၊ PDF ၊ PPDF – KD ၊ TPDF ၊ Ygn Eagle Force ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီးချပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာ သဲတောင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆိုမြို့နယ်ထံမှ သိရသည်။

ယနေ့ မေလ ၁၆ ရက် နံနက် ၆ နာရီ မိနစ် ၄၀ ခန့်မှ ၈ နာရီခွဲခန့်အထိ ငွေတောင်ရွာသစ်ကျေးရွာ၊ သဲ တောင် ၏ အောက်ဖက်၌ ကင်းပုန်းယူထားသော အကြမ်းဖက်စစ်သားများနှင့် နယ်မြေရှင်းလင်း ရေး ဝင်ရောက်သော ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး အဆန်မတန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုများ မကြာခဏ ပစ်ခတ်ခြင်း ၊ လေယာဉ်ဖြင့် ပေါင် ၂၀၀ ဗုံးများ အသုံးပြုကာ ကျဲချခြင်း ဖြင့် အပြစ်မဲ့ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီမော့ဆို မြို့နယ်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article