30 C
Yangon

မြ၀တီမြို့နယ်တွင် လက်နက်ကြီးနှင့်လက်နက်ငယ်သံများ အပြန်အလှန် ပစ်ခတ်သံများကြားရပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

Must read

မြ၀တီမြို့နယ်တွင် လက်နက်ကြီးနှင့်လက်နက်ငယ်သံများ အပြန်အလှန် ပစ်ခတ်သံများကြားရပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ မေ ၁၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်း လက်နက်ကြီးနှင့် လက်နက်ငယ်သံများဖြင့် အပြန် အလှန် ပစ်ခတ်သံများကြားရပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်အနီးတွင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်သံများ ဆက် တိုက်ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကျဲသံကြား ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်၊ လက်ခတ်တောင်ပတ်ဝန်းကျင်ဘက်ကို တိုက်လေယာဉ်တွေ အနည်းဆုံး ၂ စင်းလောက်တော့ရှိမယ်။ ဗုံးကျဲတာ။ တိုက်ပွဲဖြစ်တာက မနက်အစောပိုင်းမှာဖြစ်ကြတာ။ တိုက်ပွဲဖြစ်ပြီးမှ ဗုံးကျဲတာ။ မနက်အစောပိုင်းတော့ အတော်ကို အသံတွေက ကျယ်တာ” ဟု‌ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မြ၀တီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကို မကြာခဏဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article