30 C
Yangon

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် အတွင်း စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ

Must read

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် အတွင်း စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် အတွင်း ယနေ့ မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်ကို အကြမ်းဖက်စစ်တပ်၏ ခြေမြန်တပ်ရင်း-၃၆၁ / ၃၆၈ စစ်ကြောင်း၊ လယ်လှရွာမှ ပျူစောထီး စစ်ကြောင်း၊ ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်ရင်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်း စသည့် စစ်ကြောင်း ၄ ကြောင်းက တစ်ရက်တည်း ဝင်ရောက် စစ်ကြောင်းထိုး လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးခံရခြင်းကြောင့် ထန်းကုန်းတိုက်နယ်တွင် ကျေးပင်အက်၊ဉာဏ်အင်း၊အင်းလယ်ကြီး၊‌ ရွာမ၊ရွာသစ်၊ညောင်ပေါင်ရင်း၊ရီးဒွေး၊သရက်တာ၊အင်္ဂါထောင့်၊ကိုင်းရိုး၊ကျွန်းပင်ကုန်း၊ဆူးပုတ်ကုန်း၊ဘိုတဲကုန်း၊ဘိုကုန်း၊မဲသည်၊ညောင်ဇင်ကြီး၊မင်းကုန်း(က)၊ရှမ်းတပ်၊ဇီးဖြူကုန်း၊ယောရှမ်းတပ်၊ထိန်တော၊ပေလည်၊သပြေသာလေး စသည့် ကျေးရွာ ၂၃ ရွာအပြင် အနီးဝန်းကျင်တိုက်နယ်မှ ကျေးရွာများရှိ ပြည်သူများပါ အိုးအိမ်စွန့်ခွါပြီး ထပ်မံ‌ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

” ပြည်သူ ၃၀၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်။ အဲ့တာက ထန်းကုန်း တိုက်နယ် တစ်ခုပဲ ဘေးတိုက်နယ်က ရွာတွေ နည်းနည်းပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကာဘိုးတိုက်နယ် ကိုးမြို့ရွာဘက်မှထွက်ခွာလာသော စစ်ကောင်စီလက်အောက်ခံ အင်အား၁၅၀ ခန့် ပါ ခြေမြန်တပ်ရင်း -၃၆၈ စစ်ကြောင်းသည် မေလ ၁၇ ရက်နေ့ နံနက် ၆ နာရီတွင် ထန်းကုန်းတိုက်နယ် ညောင်ဇင်ကြီးရွာဘက်မှ မင်းကုန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ကျေးပင်အက်ရွာမှထွက်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ အင်အား၁၂၀ ခန့်စစ်ကြောင်းသည် အင်းလယ်ကြီးရွာသို့ အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်တွင် အင်းလယ်ကြီးရွာမှ အနောက်ဘက်သို့ထွက်ခွါသွားကြောင်း သိရှိရသည်။

ထို့ပြင် လယ်လှအထိုင်မှ ပျူစောထီးစစ်ကြောင်းသည် ရွာမရွာသို့ ရောက်ရှိနေပြီး ကန့်ဘလူ ၆၀၀၆ အထိုင်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးစစ်ကြောင်းသည် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဉာဏ်အင်းရွာသို့ အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ကာ တတိယအကြိမ်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ကန့်ဘလူမြို့နယ်တွင် ဧပြီလမှ မေလအတွင်း အကြမ်းဖက်စစ်တပ်မှ မပြတ် စစ်ကြောင်းထိုးနေ၍ စစ်ရှောင်ပြည်သူ ဦးရေ တိုးသထက်တိုးလာနေသည့်အပြင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ချပ်သင်းတိုက်နယ်၊ပိတောက်ပင်ရွာမှ ကျွဲ ၁၈ ကောင်၊ နွား ၂၃ ကောင်နှင့် တဲများပျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article