28 C
Yangon

မန္တလေးမြို့မှ CDM ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများကို အလုပ်ခန့်၍ ယာယီအပိတ်ခံရသည့် ပုဂ္ဂလိက ဆေးရုံ ၅ ရုံအနက်မှ ဆေးရုံ ၃ ခု၏ လိုင်စင်ကို စစ်ကောင်စီက ပယ်ဖျက်

Must read

မန္တလေးမြို့မှ CDM ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများကို အလုပ်ခန့်၍ ယာယီအပိတ်ခံရသည့် ပုဂ္ဂလိက ဆေးရုံ ၅ ရုံအနက်မှ ဆေးရုံ ၃ ခု၏ လိုင်စင်ကို စစ်ကောင်စီက ပယ်ဖျက်

ရန်ကုန်၊ မေ ၁၈

မန္တလေးမြို့မှ CDM ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများကို အလုပ်ခန့်၍ ယာ ယီ အပိတ်ခံရသည့် ပုဂ္ဂလိက ဆေးရုံ ၅ ရုံအနက်မှ ဆေးရုံ ၃ ခု၏ လိုင်စင်ကို စစ်ကောင်စီက အာဏာသုံး၍ ပယ်ဖျက်လိုက်သည်ဟု သိရှိရကြောင်း မန္တလေး CDM ဆရာဝန် အသိုင်းအ၀ိုင်းက ပြောသည်။

မေလ ၁၅ ရက်နေ့တွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ မြတ်၀ဏ္ဏစိုး လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့၏ အမိန့်စာတွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံ၊ ကံ့ကော်ဆေးရုံတို့၏ လိုင်စင်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။

မန္တလေးမှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ ၅ ရုံဖြစ်သည့် မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ထက်နေလင်းဆေးရုံနှင့် စိန်ပန်းဆေးရုံများကို ယမန်နှစ် ဒီဇင်ဘာလကုန်တွင် စစ်တပ် စတင်ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆေးရုံ ၃ ရုံ လိုင်စင်ပယ်ဖျက်လိုက်ပြီလို့ သိရပါတယ်။ နောက်ထပ် ဆေးရုံ ၂ ရုံ အခြေအနေကတော့ ဘာမှ မသိရသေးဘူး။ ပယ်ဖျက်မလား၊ ပြန်ဖွင့်ခွင့်ပေးမလား စောင့်ကြည့်နေတယ်။ အဓိက CDM တွေ ကို အလုပ်ခန့်တာနဲ့ တော်လှန် ရေးပါတယ်ဆိုပြီး စွပ်စွဲတာလို့ သိရတယ်” ဟု မန္တလေး CDM ကျန်းမာရေးအသိုင်းအ၀ိုင်းက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article