38 C
Yangon

စစ်ကိုင်းမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်စဥ် ကားမှောက်ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

Must read

စစ်ကိုင်းမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်စဥ် ကားမှောက်ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရနေသော ကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၆ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ စစ်ကိုင်းမြို့တပ်မ ၃၃ မှ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဖြင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သဖြင့် ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ခက်ခကျေးရွာအနီးတွင် စစ်ဘေးရှောင်ကားတစ်စီး တိမ်းမှောက်ကာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းကတည်းစပြီး စစ်ကြောင်းထိုးဝင်နေတာ၊ လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ် ခတ် နေ တာ၊ ကားမှောက်သေသွားတဲ့ အမျိုးသမီးက ပဒူရွာကလို့ သိရတယ်၊ ကယ်ဆယ်ရေးတော့ လုပ်ထားနိုင် ပြီ၊ “ ဟု Wetlet Informational Network မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကြောင်းဝင်ရောက်လာမှုကြောင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများဖြစ်သော စာရေး အရှေ့ရွာ၊ စာရေး အနောက်ရွာ၊ ကျောက်ပနန်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပဒူကျေးရွာ၊ ခက်ခ အရှေ့ရွာ၊ ခက်ခအနောက်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article