38 C
Yangon

ပုဏ္ဏာကျွန်းမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် ခနောင်းကြီး ကျေးရွာ ရွာလုံးကျွတ် ပျက်စီးပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ပုဏ္ဏာကျွန်းမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် ခနောင်းကြီး ကျေးရွာ ရွာလုံးကျွတ် ပျက်စီးပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ မေ ၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခနောင်းကြီးကျေးရွာတွင် မိုခါ မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိချိန်ထိ ခနောင်းကြီး ကျေးရွာသို့ ကယ်ဆယ်ရေးအဖွဲ့အစည်းများ မရောက်ရှိသည့်အတွက် ဒေသပြည်သူများ အခက်အခဲဖြစ်နေကြောင်း၊ လူဦးရေ ၅၀၀ နီးပါး စားနိပ်ရိက္ခာ လိုအပ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တောဖျားချောင်းဒေသတွေဟာ မျက်ကွယ်ပြုခံနေရပါတယ်။ ရွာဘက်မှာ လိုင်းတွေ ဘာတွေလည်း မမိကြသေးဘူး။ အပျက်အစီးများပါတယ်။ တချို့အိမ်တွေဆို နေအိမ်တွေ အားလုံး ပျက်စီးသွားတာတွေ ရှိပါတယ်။ ရွာက ၇၅ ဆောင်လောက်သာ ရှိတဲ့ ရွာလေးပါ။ လူဦးရေ ၅၀၀ နီးပါးလောက် ရှိပါတယ်” ဟု ခနောင်းကြီးကျေးရွာ ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခတ်သစ် သတင်းဌာနသို့ပြောကြားသည်။

လက်ရှိအချိန်တွင် ခနောင်းကြီးကျေးရွာတွင် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေကြပြီး အမိုအကာများလည်း လိုအပ်နေကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article