33 C
Yangon

ရန်ကုန်တိုင်း၊ ရွာသာကြီး စီးပွားရေး တက္ကသိုလ်အနီး အမှတ် ၂ လမ်းပေါ်တွင် PDF ဟု စွပ်စွဲပြီး လူငယ် ၅ ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်

Must read

ရန်ကုန်တိုင်း၊ ရွာသာကြီး စီးပွားရေး တက္ကသိုလ်အနီး အမှတ် ၂ လမ်းပေါ်တွင် PDF ဟု စွပ်စွဲပြီး လူငယ် ၅ ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်

ရန်ကုန်၊ မေ ၂၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီး စီးပွားရေးတက္ကသိုလ်အနီး အမှတ် ၂ လမ်းမကြီးပေါ် တွင် PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က လူငယ် ၅ ဦးကို ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၄ ရက်နေ့ ည ၁၀ နာရီအချိန် ဒဂုံမြို့သစ်တောင်ပိုင်း၊ ရွာသာကြီး ရပ်ကွက်၊ စီးပွားရေးတက္ကသိုလ်အနီးတွင် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၄ ဦး စုစုပေါင်း လူငယ် ၅ ဦးကို စစ်တပ်က ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ လူငယ် ၅ ဦး၏ ရုပ်အလောင်းများကို လူနာတင်ကား ၂ စီးဖြင့် သယ်ယူခဲ့ပြီး အခင်းဖြစ်စဉ် ဖြစ်ပွားစဉ် လမ်းသစ် ကားမှတ် တိုင် မှ သစ်တောအရှေ့အထိ လမ်းပိတ်ထားခဲ့ကြောင်း သိရှိရသည်။

” အမှတ် ၂ လမ်းမပေါ် ရွာသာကြီးစီးပွားရေးတက္ကသိုလ်နားမှာ ကားကို ပစ်ခတ်ဖမ်းဆီးတာလို့ သိရတယ်။ ဂိတ်တစ်ခုကနေ ကားကို တားတာ မရပ်ပေး လို့ စစ်တပ်က နောက်ကနေ လိုက်ပစ်တာလို့ ပြောတယ်။ အခင်းဖြစ်တဲ့ အချိန်မှာ လမ်းကို ပိတ်ချလိုက်တယ်။ အလောင်းတွေကိုတော့ လူနာတင်ကား တွေနဲ့သယ်သွားတယ်။ သေဆုံးတဲ့အထဲမှာ အမျိုးသမီး ၁ ဦးပါတယ်။ ကျန်တာ က အမျိုးသား ၄ ဦးပါ။ စုစုပေါင်း ၅ ဦး။ ပြောနေကြတာက PDF မို့ ပစ်သတ် တယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဘက်က ပြောတယ်” ဟု ဒေသပြည် သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန် အပါအဝင် မြို့ကြီးများ၊ နယ်ဒေသများ တွင် လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လာပြီး ၎င်းတို့ ပစ်ခတ်သတ်ဖြတ်သော လူငယ်များနှင့် ပြည်သူများကို PDF ဟု စွပ်စွဲမှု များ ဆက်တိုက်လုပ်ဆောင်လာကြောင်း ပြည်သူတချို့က ပြောဆိုသည်။

ဓာတ်ပုံ- အမှတ် ၂ လမ်းမကြီးနှင့် ရွာသာကြီးစီးပွားရေးတက္ကသိုလ်ပြမြေပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article