29.6 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မတ္တရာတွင် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ဝက်လက်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မတ္တရာတွင် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာနှင့် မကျီးတုံကျေးရွာကြား နဒီမြန်မာ အနောက်ဘက် တွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၂၆ ရက် နံနက် ၈ နာရီ ၅ မိနစ်တွင် အင်အား ၇၀ ခန့်ဖြင့် ဝက်လက်မြို့ပေါ်မှ အနောက် ဘက် ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့အစေခံ တော်လှန်ရေး တပ် ဖွဲ့ တပ်ခွဲ ၁ ၊ နွေဦး အောင်ပွဲ တော်လှန်ရေးအဖွဲ့ နှင့် ဝက်လက်မြို့နယ် ပကဖ များပူးပေါင်းပြီး စောင့်ကြို တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာ အပြန်အလှန်ပစ်ခက်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

“မနေ့က မိုင်းခွဲခဲ့တာတော့ အတိအကျမသိရဘူးဗျ၊ ထိခိုက်ဒဏ်ရာရတာတွေများတယ်၊ ဒီနေ့ မနက်တိုက်ပွဲက တော့ စစ်ခွေး ၃ ကောင်သေတယ်၊ ရှေ့တန်းက တပ်စုမှူးကိုယ်တိုင်ပြောပြတာ၊ ဒဏ်ရာတဲ့သူ ၂ ကောင်၊ ၃ ကောင် လောက်ရှိသေးတယ်လို့ သိရတယ်၊ အခုအဲဒီခွေးတွေ ပင်ဇင်း ရွှေကူကျောင်းထဲမှာ ရောက်နေတယ်” ဟု ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့‌မေလ ၂၅ ရက် နံနက် ၆ နာရီခန့်က ဝက်လက်မြို့မှ အင်အား ၇၀ ခန့်ဖြင့် လိမ်ပင်ကျေးရွာ အရှေ့ ဘက်သို့ အဖွဲ့ ၃ ဖွဲ့ခွဲကာ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် ခမရ ၃၆၄ တပ်သား များကို ပြည်သူ ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ မှ တိုက်မိုင်း ၃ ပွိုင့် ဆင်ပြီး တိုက်ခိုက်ရာ အများ အပြားသေဆုံးနိုင် ပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ လိမ်ပင်ကျေးရွာမှ ပြည်သူ့နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးပြီး ဝက်လက်မြို့ပေါ်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်နတ်ဆိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့ ည ၈ နာရီခန့်တွင် မတ္တရာမြို့နယ် ရုံးပင်ကျေးရွာမှ ပြည်သူပိုင် နွားလှည်းများကို ဓားစာခံအဖြစ် အသုံးပြု စစ်ကြောင်းထိုး ထွက်လာချိန် မြောင်းသစ်ကျေးရွာအနီး ဆည်တော်ဘောင် တံတား အနီးတွင် ပဒေသာမိုင်းဖြင့် ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးသွားသော စစ်သား အလောင်းများကို လှည်းများဖြင့်တင်၍ စစ်ကြောင်း ဆက်လက် ထိုးလာချိန် ဆည်တော်ဘောင် ချိုင့်ကြီးပြွန်အနီးတွင် ၄၀ မမဖြင့် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ပြီး ၂ ကြိမ် တိုက်ခိုက်ခံရပြီးရှေ့ဆက် မတိုးရဲတော့ဘဲ စစ်ကူများကို စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကို ရှမ်းကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော စစ်သားများမှ ကူညီ ခေါ်ထုတ်ရန် ထွက်လာချိန် တတိယအကြိမ် ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်း ၂ ကြောင်းလုံး ထိခိုက်သေဆုံးမှု များပြားကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးသေဆုံးမှုက အတိအကျတော့ မသိရသေးဘူး။ ညကမှောင်နေတော့ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘူး” ဟု ဗိုလ်နတ်ဆိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နတ်ဆိုး (မြေအောက် တော်လှန်ရေး တပ်ဖွဲ့)၊ ပြင်ဦးလွင်ခရိုင်.အမှတ် ၁ တပ်ရင်း-တပ်ခွဲ ၁ နှင့် ဒေါင်းစစ်သည်.ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ မဟာ တော်လှန်ရေး တပ်ဖွဲ့.MRF၊ တိုက်သိမ်း (မြေအောက် တော်လှန်ရေး တပ်ဖွဲ့)၊ ဇာမဏီ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ အမရ စစ်သည်တော် (မန္တလေး) နှင့် မိုးကြိုး ပြောက်ကျား တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article