28 C
Yangon

ကလေးမြို့နယ်၊ သာယာကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာရ

Must read

ကလေးမြို့နယ်၊ သာယာကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာကုန်းရွာကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မေလ ၂၇ ရက်နေ့ ညနေ ၃နာရီခန့်အချိန် ကလေးမြို့ GTC အတွင်းတွင် တပ်စွဲ ထားသော စစ်တပ်က သာယာကုန်းကျေးရွာသို့ အကြောင်းမဲ့ လက်နက် ကြီး ဖြင့် လှမ်းပစ်ခတ်ခဲ့ရာ သာယာကုန်းကျေးရွာနေ ပြည်သူ ၂ ဦးနှင့် မိန်းက လေး ၂ ဦး စုစုပေါင်း ၄ ဦး လက်နက်ကြီး ကျည်ထိမှန်ခဲ့ကြောင်း ဒေသပြည်သူ များ ထံမှ သိရှိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့ရသူများတွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးပါ ပါဝင်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ အရေးပေါ် ခွဲစိတ်ကုသနေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မေလ ၂၇ ရက်နေ့ ညပိုင်းတွင် လည်း လက်နက်ကြီးများနှင့် ကလေးမြို့ တောင်ပိုင်းသို့ ပစ်ခတ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article