25 C
Yangon

မိုင်ဂျာယာန်တွင် KIO နှင့် PSLF တို့တွေ့ဆုံ ဆွေးနွေးမှု စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ရန် အချက် အပါအဝင် သဘော တူညီချက် ၅ ချက်ရရှိ

Must read

မိုင်ဂျာယာန်တွင် KIO နှင့် PSLF တို့တွေ့ဆုံ ဆွေးနွေးမှု စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ရန် အချက် အပါအဝင် သဘော တူညီချက် ၅ ချက်ရရှိ

ရန်ကုန်၊ မေ ၂၈

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ တွေ့ဆုံ ဆွေးနွေးပွဲမှ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ရန် အချက် အပါအဝင် သဘော တူညီချက် ၅ ချက်ရရှိခဲ့ကြောင်း ယနေ့ မေလ ၂၈ ရက်နေ့ တွင် ပူးတွဲသဘောထားထုတ်ပြန်သည်။

မေလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့၌ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အပြန်အလှန်နားလည်မှုရှိစွာဖြင့် ဆက်လက်ဆောင်ရွက်မည့် အချက်များအပေါ် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် KIO နှင့် (ယခင်) PSLO တို့ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီခဲ့ကြသည့် ထာဝရ မဟာ မိတ်စာချုပ်အား KIO နှင့် PSLF တို့မှ ဆက်လက်၍ အသိအမှတ်ပြု၊ ထိန်းသိမ်းအကောင်အထည် ဖော် သွားရန် ၊ အာဏာရှင်စနစ်ချုပ် ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူ ရေး အပေါ်အခြေခံပြီး အပြန်အလှန်လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင် သွားရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှု တို့ ကို အလေးထား ဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သော ဆုံး ဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်းဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန် အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် ပါဝင်ကြောင်း သိရသည်။

ဒေသခံများ ဖြစ်ကြသည့် ကချင်လူမျိုး၊ တအာင်း(ပလောင်)လူမျိုး၊ ရှမ်းလူမျိုး အပါအဝင် ဒေသတွင်းရှိ ပြည် သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှား ကြရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကိစ္စရပ်များအား အပြန်အလှန် သတင်းဖလှယ်ရန်နှင့် လူထု အ ခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အသိအမှတ်ပြု အားပေးကြရန်၊ အခြားလိုအပ်သည့်ကိစ္စ ရပ်များကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှ လိုအပ်သလိုဆက်လက်ညှိနှိုင်း၍ ဆောင်ရွက်သွားကြမည်ဖြစ် ကြောင်း သဘောတူညီမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article