26 C
Yangon

မြင်းမူနှင့် မုံရွာ – မန္တလေး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

Must read

မြင်းမူနှင့် မုံရွာ – မန္တလေး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Black Eagle Defence Force-MMU (မြင်းမူလင်း ယုန်နက် ကာကွယ်ရေးအဖွဲ့) တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၂၇ ရက် နံနက် ၄ နာရီခွဲခန့်က မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ ထွက်ခွာလာသော အ ကြမ်းဖက်စစ်ကား ၈ စီးအနက်မှ ပထမ ကား ၃ စီးကို ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ စီးမြောက်ကားတည့်တည့်ထိမှန်ခဲ့ပြီး ကားမှာ မြင်းမူမြို့တွင်းအရောက် ထိုးရပ်သွားကာ အကြမ်းဖက်စစ် သား ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)၊ မြင်းမူမြို့နယ် ပကဖ နှင့် People’s Defence Force Myinmu-MMU PDF တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး နောက်ဆုံးကားပေါ်ပါ အကြမ်းဖက်စစ်သားများမှ တရစပ်ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းတွင် မိုင်းရှင်းနေသော စစ်ကြောင်း မိုင်းမိ၍ စစ်သား ၅ ဦးသေဆုံးကြောင်း The Brightness Monywaမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ မုံရွာ-မန္တလေးလမ်းမကြီး တစ်နေရာတွင် မိုင်းရှင်းလာသော စစ်ကြောင်းကို မိုင်းရှင်းနေစဉ် ကြွမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ပြည်သူများကို ဖမ်းဆီး၍ မိုင်းရှင်းလင်းမှုတွင် အသုံးပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် Peace Takers Task Force – PTTF ၊ Youth’s People Defense Force ၊ အရိပ်မဲ့တေစ္ဆ ၊ Monywa Ninja Team တို့နှင့်ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်‌ပြီး ပြည်သူများအနေဖြင့် စစ်တပ်က ခြေရှုပ်နေပါသဖြင့်အရေးပေါ်ကိစ္စမှအပ သွားလာခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article