36 C
Yangon

လွိုင်လင်လေးမြို့နယ်တွင် လက်နက်ကြီးကျည် ထိမှန်ပြီး ကလေးငယ် နှစ်ဦးဒဏ်ရာရ

Must read

လွိုင်လင်လေးမြို့နယ်တွင် လက်နက်ကြီးကျည် ထိမှန်ပြီး ကလေးငယ် နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၂၉

ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်လေးမြို့နယ်၊ ကုန်းမှီရွာတွင် လက်နက် ကြီး တစ်လုံး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်ထိမှန်သဖြင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေလွိုင် ကော် ပရဟိတ အသင်းမှ ဒုဥက္ကဌ ဦးအောင်မိုးမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မေလ ၂၈ ရက် ည ၈ နာရီခန့်အချိန် မိသားစု ၄ ဦးနေအိမ်အတွင်းရှိနေစဉ် ခြံဝင်းအတွင်းသို့ လက် နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၉ နှစ်အရွယ် မောင်ထွန်းလင်းမှာ ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် ယမ်းစ ထိမှန်ဒဏ်ရာရရှိကြောင်း၊ အသက် ၇ နှစ်မောင်ဟန်ထွန်းမှာ ညာလက်ကောက်ဝတ် ယမ်းစထိမှန်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာ မရှိပါဘူး၊ ဘယ်ကနေ ပစ်တဲ့လက်နက်ကြီးဆိုတာလဲ မသိရဘူး၊ လမ်းမှာ သွားချိန်းပြီး သယ်လာတာ၊ ဖြစ်တာက မနေ့ညက ဖြစ်တာ၊ ဒီနေ့မနက် ၇ နာရီ လောက်မှာပဲ လမ်းမှာ ကားချိန်းပြီး သယ်လာတာ၊ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး၊ လွိုင်ကော်ဆေးရုံကို တင်ပို့ပေးထားပါတယ်” ဟု ရွှေ လွိုင် ကော် ပရဟိတ အသင်းမှ ဒုဥက္ကဌ ဦးအောင်မိုးမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article