29 C
Yangon

ရေစကြိုတွင် စစ်တပ်က ကျေးရွာအတွင်း မီးဝင်ငြိမ်းသည့် ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ဝါဘိုးရွာကို မီးတင်ရှို့နေ

Must read

ရေစကြိုတွင် စစ်တပ်က ကျေးရွာအတွင်း မီးဝင်ငြိမ်းသည့် ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ဝါဘိုးရွာကို မီးတင်ရှို့နေ

ရန်ကုန်၊ မေ ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း မီးဝင်ငြိမ်းသည့် ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မဲကုန်းရွာကို မီးဝင်ငြိမ်းသည့် အသက် ၅၀ ကျော်အရွယ် ပြည်သူ ၁ ဦးကို ပစ်သတ် ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာရှိ ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ယနေ့ မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဝါဘိုးရွာကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်တပ် စစ်ကြောင်းသည် ရေလယ်ကျွန်းရှိ ကျေးရွာများကို စစ်ကြောင်းခွဲ၍ တစ်ရွာဝင် တစ်ရွာထွက် မီးရှို့ဖျက်ဆီးလျက်ရှိပြီး ယနေ့ရရှိထားသော စာရင်းများအရ ကိုင်းရွာတွင် ပြည်သူ နေအိမ် ၂၅ လုံး၊ မိုးကွဲရွာတွင် နေအိမ် ၃၀ လုံး၊ မိုးဖြူရွာတွင် နေအိမ် ၁၀ လုံးနှင့် ပဲမှော်စင် ၃ လုံးခန့် ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က မေလ ၂၆ ရက်နေ့မှ ယနေ့ မေလ ၂၉ ရက်နေ့အထိ ရေစကြိုမြို့နယ် ရေလယ်ကျွန်းရှိ ကျေးရွာများကို တစ်ရွာပြီး တစ်ရွာ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ပြီး ကျေးရွာ ၂၀ ဝန်းကျင်ခန့် မီးရှို့ဖျက်ဆီးပြီးဖြစ်ကြောင်း၊ ကျေးရွာများအတွင်း လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ ပြည်သူများကို ပစ်သတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article