37 C
Yangon

တောင်ငူတွင် ထောင်ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေးအကျဉ်းသားမှန်သမျှကို သံဒေါက်ခြေကျင်းများ အခတ်ခံထားရပြီး စစ်ကောင်စီက နိုင်/ကျဉ်းများကို ပိုမိုဖိနှိပ်လာ

Must read

တောင်ငူတွင် ထောင်ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေးအကျဉ်းသားမှန်သမျှကို သံဒေါက်ခြေကျင်းများ အခတ်ခံထားရပြီး စစ်ကောင်စီက နိုင်/ကျဉ်းများကို ပိုမိုဖိနှိပ်လာ

ရန်ကုန်၊ မေ ၃၁

ပဲခူးတိုင်း၊ တောင်ငူတွင် ထောင်ဖောက်ပြေးမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေးအကျဉ်းသားမှန်သမျှကို သံဒေါက်ခြေကျင်းများ အခတ်ခံထားရပြီး စစ်ကောင်စီက ဖိနှိပ်မှုများ ပြုလုပ်လာကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များထံမှ သိရှိရသည်။

မေလ ၁၈ ရက်နေ့ တောင်ငူအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၀ ဦး ထောင်ဖောက်ထွက်ပြေးသည့်အမှု ဖြစ်ပွားပြီးသည့်နောက်ပိုင်း အကျဉ်းထောင်များတွင် စစ်တပ်က နိုင်ငံရေးအကျဉ်းသားများရုံးထုတ်၌ ပိုမိုတင်းကြပ်မှုများ ပြုလုပ်လာကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ရုံးထုတ်ရာတွင် ခြေကျင်းကို သံခြေကျင်းဒေါက်ခတ်ပြီးမှ ရုံးထုတ်ကြောင်း၊ အမှုလိုက်ပါပေးသူ ရှေ့နေများကို အကျဉ်းထောင်အဝင်တွင်ပင် ဖုန်းများသိမ်းဆည်းကြောင်း၊ နိုင်ငံရေးအကျဉ်းသားများမှာ ခြေထောက် သံခြေကျင်း ဒေါက်ခတ်ရုံးထုတ်သည့်အတွက် အနေအထိုင်ခက်ခဲပင်ပန်းကြောင်း၊ စစ်ကောင်စီက အကျဉ်းဦးစီးဌာနကို တိုက်ရိုက် အမိန့်ပေးပြီး နိုင်ငံရေးအကျဉ်း သားများကို ဖိနှိပ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အင်းစိန်​ထောင် အထူးတရားရုံးမှာ နိုင်/ကျဥ်း​တွေကို ရုံးထုတ်တိုင်း ခြေထောက်တွေကို သံ​ဒေါက်​တွေနဲ့ခတ်ပြီး ရုံးထုတ်​နေပါတယ်။ မေလ ၂၅ ရက်နေ့ကတည်းက အဲဒီလို ထုတ်နေတာ။ နိုင်ငံရေးအကျဉ်းသားတိုင်း သွားရတာထိုင်ရတာ အရမ်းခက်ခဲပါတယ်။ ​ထောင်၀န်ထမ်း ​တွေ​ပြောတာက ရဲ​တွေက သူတို့ လုံခြုံ​ရေး မ​ပေးနိုင်လို့ ခတ်ခိုင်းတာလို့ ပြောတယ်။ ​တောင်ငူ​ထောင် ကိစ္စ ​ကြောင့် အကျဥ်းဦးစီးဌာနက လုံခြုံ​ရေး စီမံချက်တွေ တိုးတာ။ နိုင်/ကျဥ်း တွေ က ထောင်တွင်း မတရား ဖိနှိပ်ခံနေရတွေကို နိုင်ငံ တကာနဲ့ ပြည်သူတွေကို အသိပေးချင်တယ်၊ သိစေချင်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအနက်မှ PDF နှင့် ဆက်စပ်သော တော်လှန် ရေး ရဲဘော်များကို ထောင်အပြင်သို့ ခေါ်ထုတ်၍ ရိုက်နှက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများလည်း ဆက်တိုက်ဆိုသလို စစ်ကောင်စီဘက်က လုပ်ဆောင် နေကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article