28 C
Yangon

ကျွန်းလှမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ပြီး ရွှေတူးဖော်ရေး ဖောင်များကို ဖျက်ဆီး

Must read

ကျွန်းလှမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ပြီး ရွှေတူးဖော်ရေး ဖောင်များကို ဖျက်ဆီး

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ နေအိမ် ၂၅ လုံး၊ ဆေးပေးခန်း တစ်ခုနှင့် စပါးတိုက် ၃ လုံးတို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့သွားပြီး ရွှေတူးဖော်ရေး ဖောင်များကို ဖျက်ဆီးသွားကြောင်းကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၉ ရက် နံနက် ၇ နာရီခန့်က ကျွန်းလှမြို့နယ်၊ လယ်လှ(ပျူ)ရွာ အထိုင်စခန်းမှ အင်အား ၁၇၀ ခန့် ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ကုက္ကိုစု အုပ်စုဘက်သို့ ဦးတည်ထွက် ခွာလာကာ သံပုရာပင်စုကျေးရွာမှ နေအိမ် ၂ လုံးကို မီးရှို့ပြီး လွှတ်တိုက်ရွာကို ဆက်လက်ဝင်ရောက်ကာ နေအိမ် ၇ လုံးနှင့် ကျေးလက်ဆေးပေးခန်း တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင်ယင်းနေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဆွဲလှဲကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၈ လုံးနှင့် စပါးတိုက် ၂ လုံး ကို မီးရှို့ဖျက်ဆီကာ ယင်းကျေးရွာ၌ ညအိပ်တပ်စွဲပြီး မေလ ၃၀ ရက် နံနက် ၇ နာရီတွင် မဒေါင်ရွာသို့ ဝင်ရောက်ကာ ပြည်သူ့ နေအိမ် ၈ လုံးနှင့် စပါးတိုက် တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၉ နာရီခန့်တွင် မဒေါင်ရွာဘက်မှ ၎င်းတို့ စတင်ထွက်ခွာလာရာ လယ်လှ(ပျူ) အထိုင်စခန်းသို့ ပြန်လည် ဝင်ရောက်သွား ကြောင်း သိရသည်။

“ထိတွေ့မှု အနည်းငယ်တော့ရှိတယ်လို့ သိရတယ်ဗျ၊ ဖမ်းခံရတာက ရွှေစက်ပိုင်ရှင်တွေနဲ့ အလုပ်သမား ၇၀ လောက်ဖမ်းခံရတာပဲရှိတယ်၊ သူတို့လည်း ပြန်လွတ်လာတယ်ကြားတယ်ဗျ၊ တခြားတော့ မရှိပါဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် အကြမ်းဖက်စစ်ကောင်စီ ခမရ ၃၆၁ တပ်နှင့် ပျူစောထီး များပူး ပေါင်း စစ်ကြောင်းဖြစ်ပြီး မေလ ၂၄ ရက် နံနက် အစောပိုင်း ၂ နာရီခန့်က ကန့်ဘလူမြို့နယ် အမြောက် တပ် ၆၀၀၆ တပ်မှ ကျွန်းလှမြို့နယ်၊ကျီကုန်းရွာဘက်သို့ စစ်ကြောင်းထိုးကာ သဖန်းဆိပ်ဆည် အတွင်း လုပ်ကိုင်နေသည့် ရွှေမျှောဖောင်များအနက် ရွှေမျှောဖောင်အကြီး ၃၀ ကျော်၊ ၆ လုံးထိုး အင်ဂျင် အလုံး ၃၀ကျော်၊ လေးလုံးထိုးအင်ဂျင်နှင့် ရွှေမျှောလုပ်ငန်းနှင့်ဆက်စပ်သည့်၊ ကော်ဇော်လိပ်၊ ပေပါခွံ၊ အင်ဂျင် ဝိုင်၊ ဘက်ထရီအိုး၊ မျှောစင်၊ ရေခရု၊ ကွန်ချူးပိုက်၊ သံပိုက်နှင့် ဆိုင်ကယ်အစီး ၁၀၀ ဝန်းကျင်အပြင် အ လုပ်သမားနှင့် စက်ပိုင် ၇၀ ခန့်ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မေလ ၂၈ ရက်နေ့တွင် ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ- ကျွန်းလှမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူများ၏ နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article