33 C
Yangon

Breaking News – တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ကြောင်း ကနဦးသိရ

Must read

Breaking News – တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ကြောင်း ကနဦးသိရ

ရန်ကုန်၊ မေ ၁၈

ပဲခူးတိုင်း၊ တောင်ငူမြို့ အကျဥ်းထောင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ အကျဥ်းထောင်၌ ရုံးထုတ်ပြီး ပြန်လာသည့် အကျဥ်းသား ၃ ဦးက ထွက်ပြေးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး အကျဥ်းသား ၃ ဦးလုံး ထွက်ပြေး လွတ်မြောက် သွားကြောင်း သိရသည်။

” လွတ်သွားတာက ရုံးထုတ်ပြီး ပြန်သွင်းတဲ့အချိန်မှာ သေနတ်လုပြီး ထွက်ပြေးတာကနေ ပစ်ခတ်မှုဖြစ်ပြီး လွတ်သွားလို့ သိရတယ်။ မော်လမြိုင်က သေမိန့်ကြပြီးသား ၃ ဦးလို့လည်းပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ အခု စစ်ခွေးတွေပါ ရောက်နေပြီး ရမ်းကားနေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article