29 C
Yangon

ရန်ကုန် PDF တပ်ရင်း ၅၁၀၁မှ ရဲဘော်အချို့က စစ်ရေးလေ့ကျင့်မှုနှင့် စုဖွဲ့ လေ့ကျင့်မှုများ ပြုလုပ်

Must read

ရန်ကုန် PDF တပ်ရင်း ၅၁၀၁မှ ရဲဘော်အချို့က စစ်ရေးလေ့ကျင့်မှုနှင့် စုဖွဲ့ လေ့ကျင့်မှုများ ပြုလုပ်

ရန်ကုန်၊ ဇွန် ၆

ရန်ကုန် PDF တပ်ရင်း ၅၁၀၁မှ ရဲဘော်အချို့က စစ်ရေးလေ့ကျင်မှုများနှင့် စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်ကို ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း ၅၁၀၁ အဖြစ် ဖွဲ့စည်းခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တပ်ရင်း ၅၁၀၁ သည် တိုက်ရည်ခိုက်ရည်ကောင်းမွန်ပြီး အမိန့်နာခံမှု အားကောင်းသော စစ်သည်တော်ကောင်းများဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များဖြစ်ကြောင်း သိရသည်။

တပ်ရင်း ၅၁၀၁ မှ ရဲဘော်များသည် တောတွင်းစစ်ဆင်ရေး များတွင် မဟာမိတ် စစ်ကြောင်းများနှင့် ပူးပေါင်း ပါဝင် တိုက်ခိုက်နေပြီး ရန်ကုန်မြို့ပြ အတွင်းတွင်လည်း မြို့ပြ စစ်ဆင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက် လျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article