29 C
Yangon

ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသွား၊ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေ

Must read

ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသွား၊ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေ

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၁၃ ဦးကို စစ်တပ်က ဖမ်း ဆီးသွားပြီး သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ညောင်ကန်ကျေးရွာရှိ Urban Guerrilla Force-Mdy ၏ စခန်းကို စစ်တပ်က လာရောက်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း၊ ယင်းသို့ မဖျက်ဆီးခင် ရွာများစွာကို ဖျက်ဆီးပြီး ဇွန်လ ၁ ရက်နေ့တွင် ဆင်နင်းကျေးရွာမှ ဆယ်ကျော်သက်အရွယ် ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဆင်နင်းကျေးရွာနဲ့ မင်းရွာကျေးရွာကနေ ထွက်လာတဲ့ စစ်ကြောင်း ၂ ကြောင်း က ပိတောက်ခြုံကျေးရွာကို ဖြတ်လာပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့စခန်းကို မီးရှို့သွားတယ်။ စစ်ကြောင်းမထိုးခင်ရက်က ခွေးတွေဘက်က Drone တွေနဲ့ ညဘက် စခန်းဘေးနိမ့်နိမ့် ပတ်လည်ဝဲပြီး နောက်ရက်စစ်ကြောင်းစထိုးတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဇွန်လ ၁ ရက်နေ့ ဆင်နင်းရွာထဲသို့ မီးရှို့ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ဆယ်ကျော်သက် မိန်းမငယ်လေး ၁၃ ယောက်ကို ဖမ်းဆီးခေါ်သွားခဲ့ပြီး လက်ရှိအချိန်တွင် မိန်းကလေး ၁၃ ဦး၏ သတင်းမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

စစ်တပ်က စစ်ကြောင်းများခွဲထွက်ပြီး အင်းဘဲကြီးကျေးရွာ၊ တောင်ကုန်းကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ညောင်ကန်ကျေးရွာတွင် ယာယီ တပ်ချထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article