30 C
Yangon

ရေစကြိုတွင် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး ၄ ရက်ဆက် ကျေးရွာ ၂၅ ရွာကို မီးရှို့မှု နေအိမ် ၆၅၆ လုံး ပြာကျ

Must read

ရေစကြိုတွင် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး ၄ ရက်ဆက် ကျေးရွာ ၂၅ ရွာကို မီးရှို့မှု နေအိမ် ၆၅၆ လုံး ပြာကျ

ရန်ကုန်၊ ဇွန် ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး ၄ ရက်ဆက် ကျေးရွာ ၂၅ ရွာကို မီးရှို့မှု နေအိမ် ၆၅၆ လုံး ပြာကျခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့မှ စ၍ ရေစကြို၊ ပခုက္ကူ၊ မြင်းခြံဘက်မှ အင်အား ၂၅၀ ကျော်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်း ၃ ကြောင်းသည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်းရှိကျေးရွာများ တွင်နေထိုင်သူ ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး မိဖုရားကျေးရွာမှ နေအိမ် ၄ လုံး၊ ဘုန်းတော်ပြည့်ကျေးရွမှ နေအိမ် ၈ လုံး၊ လှေခုတ်ရွာမှ နေအိမ် ၅၄ လုံး၊ ဆင်တဲရွာမှ နေအိမ် ၂၆ လုံး၊ ကျွန်းညိုရွာမှ နေအိမ် ၈ လုံး၊ ခြံယာရွာမှ နေအိမ် ၁၆ လုံး၊ မြောက်ရွာမှ နေအိမ် ၁၆ လုံး၊ နတ်ပေးရွာမှ နေအိမ် ၁၃ လုံး၊ ပေါက်အူ ရွာမှ နေအိမ် ၃ လုံး၊ နွယ်နီရွာမှ နေအိမ် ၂၇ လုံးကို မေလ ၂၆ ရက်နေ့တွင် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရ သည်။

“တစ်ချို့တဝက်က မင်းရွာထဲကို ဝင်သွားတယ်၊ တချို့တဝက်က မြို့ပေါ်ကို ပြန်သွားပြီ၊ တချို့က လက်ရှိ ဆင်ချောင်းဘက်ကို ပြန်သွားပြီ၊ ပြည်သူတွေတော့ ပြန်ဝင်ပြီး ပြာကြုံးတဲ့သူက ကြုံး၊ သန့်ရှင်းရေးတွေ လုပ်သူက လုပ်နေကြပြီ။ ပြည်သူတွေကတော့ နေရေး စားရေးကတော့ အတော်လေး ဒုက္ခရောက်နေကြ တယ်၊ အိမ်တွေကလည်း တော်တော်များများ မီးရှို့ခံလိုက်ရတာဆိုတော့၊ အရပ်သားသေဆုံးမှုက ၅ ယောက်ပါ၊ နောက်ထပ် ၂ နှစ်ယောက်ကို ထပ်သတ်သွားသေးတယ်၊ နန်းဦးကျေးရွာက တစ်ယောက်၊ ထန်းတောကျေးရွာက တစ်ယောက်၊ လက်နက်ကြီးထိမှန်တာလဲ ရှိသေးတယ်၊ အမျိုးသမီး ၂ ဦးနဲ့ အမျိုး သား ၃ ဦးကို သတ်သွားတာ” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုပကဖမှတာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ထို့ပြင်မေလ ၂၇ ရက်နေ့တွင် မြေတော်ရွာမှ နေအိမ် ၄ လုံး၊ ဆည်သစ်မြင်ရွာမှ နေအိမ် အလုံး ၂၀ ၊ ညောင်မွှေးပင်ရွာမှ နေအိမ် ၄၄ လုံး၊ ကိုင်းရွာမှ နေအိမ် ၃၅ လုံး၊ မြေစွန်းရွာမှ နေအိမ် ၁၆ လုံး၊ ရေယှား ရွာမှ နေအိမ် ၁၃၂ လုံး၊ နန်းဦးရွာမှ နေအိမ် ၆၅ လုံးမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့တွင် ချင်းယားရွာမှ နေအိမ် ၆၇ လုံး၊ မိုးဖြူရွာမှ နေအိမ် ၁၁ လုံး၊ မိုးကွဲရွာမှ နေအိမ် ၃၂ လုံး၊ ကံဦးရွာမှ နေအိမ် ၅ လုံး၊ တောင်ကုန်းရွာမှ နေအိမ် ၁၈ လုံး၊ မဲကုန်းရွာမှ နေအိမ် ၁ လုံးနှင့်မေလ ၂၉ ရက်နေ့တွင် ဝါဘိုးရွာမှ နေအိမ် ၂ လုံး၊ ညောင်ပင်ရွာမှ နေအိမ် ၂၉ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ခိုးယူခြင်း စသည့်စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကြောင့် ကျေးရွာ ၂၅ ရွာမှ နေအိမ် ၆၅၆ လုံး မီး လောင်ပြာကျခဲ့ပြီး ဒေသနေ ပြည်သူအများအပြား စားဝတ်နေရေး ဒုက္ခရောက်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article