29 C
Yangon

ဟားခါးနှင့် ထန်တလန်အကြား တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးပြီး စစ်သားသေဆုံးမှု အရေအတွက် ထိုထက်ပိုမိုများပြားနိုင်

Must read

ဟားခါးနှင့် ထန်တလန်အကြား တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးပြီး စစ်သားသေဆုံးမှု အရေအတွက် ထိုထက်ပိုမိုများပြားနိုင်

ရန်ကုန်၊ ဇွန် ၁

ချင်းပြည်နယ်၊ ဟားခါးနှင့်ထန်တလန်အကြားတွင် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးကြောင်း CNA ချင်းအမျိုးသားတပ်မတော်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်များက ချင်းဒေသကာကွယ် ရေး တပ်များ တပ်စွဲထားသော ဟားခါးနှင့် ထန်တလန်အကြားနေရာများကို လေကြောင်း၊ ကုန်းကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း ၊ လေ ကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို တောက် လျှောက် ဆိုသလို လုပ်ဆောင်နေကြောင်း၊ မေလ ၃၀ ရက်နေ့ တိုက်ပွဲတွင် စစ် တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးပြီး စစ်သား သေဆုံးမှု အရေအတွက်ပမာဏ ထိုထက်ပိုမိုများပြား နိုင် ကြောင်း သိရှိရသည်။

“သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ် အော်ပရေးရှင်းမှာ စစ်တပ်ဘက်က အနည်းဆုံး ၆ ဦးသေတယ်။ ဒီထက်လည်း ပိုများနိုင်တယ်” ဟု CNA ချင်းအမျိုး သားတပ်မတော်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ချင်းပြည်နယ်သို့ လေကြောင်း၊ ကုန်းကြောင်းဖြင့် အ ပြင်း အထန် ထိုးစစ်ဆင်နေပြီး ပြည်သူများအနေဖြင့် ချင်းဒေသကာကွယ်ရေးတပ်များအတွက် လက်နက်ခဲယမ်းများ ရရှိရေး ပူးပေါင်း ပါဝင် ကူညီကြရန် ချင်းတော်လှန်ရေးရဲဘော်တချို့က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- သေဆုံးစစ်သားများ၏ အလောင်းတချို့နှင့် လက်နက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article