34 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆားလင်းကြီးတွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၅ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဝမ်ပေါင် ကုမ္ပဏီကို ဝင်ရောက်သွားကာ လက်ရှိချိန်တွင် ဝမ်ပေါင် ကုမ္ပဏီမှ ပြန်လည် ထွက်ခွာပြီး ညောင်ပင်ကြီးရွာကို ပြန်လည်ရောက်ရှိနေကြောင်း သိရသည်။

” စစ်ခွေး စစ်ကြောင်းက ဝမ်ပေါင်ကို ဝင်သွားပြီး ပြန်လည် ထွက်ခွာလာတယ် အခု ညောင်ပင်ကြီးကို ပြန်လည် ရောက်ရှိနေတယ်။ ထွက်ပြေးတိမ်းရှောင်နေရတာ ကျေးရွာက ၅ ရွာရှိတယ်။ ပြည်သူ ထောင်ချီမယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – အညာပစ်တိုင်းထောင်လေးများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article