34 C
Yangon

ထားဝယ်မြို့နယ်တွင် စစ်တပ်ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ထားဝယ်မြို့နယ်တွင် စစ်တပ်ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ထားဝယ်မြို့နယ် ကလိန်အောင်မှ ရေဖြူသို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက် စစ်တပ်၏ ဖောကား ၄ စီး၊ Honda Fit ၁ စီးပါ ယာဉ်တန်းကို မိုင် ၃၀ တံတားထိပ်အနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၁၀ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား ၁၅ မိနစ်ခန့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ယာဉ်တစ်စီး၏ ယာဉ်မောင်းနှင့် ရေတိုင်ကီကို ထိမှန်၍ ကားထိုးရပ်သွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံး ဒဏ်ရာရသူများကို ဟိုက်ဂျက်ကား ၃ စီး၊ အရေးပေါ်ကား ၂ စီးဖြင့် တင်ဆောင်သွားသည်ဟု သတင်းရရှိကြောင်း TPLF ထံမှ သိရှိရသည်။

“ကားထိုးရပ်သွားပြီး ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း စစ်သား အလောင်း ၅ လောင်း လမ်းဘေးမြောင်းထဲဆွဲချတာကို ရဲဘော်တွေ မျက်မြင်တွေ့ခဲ့ရပါတယ်။ ယုံကြည်ရတဲ့ ဒေသခံတွေဆီကနေပြန် ကြားရတာကတော့ တိုက်ပွဲဖြစ်တဲ့နေရာကနေ ဆေးရုံးကား၂စီး၊ ဟိုက်ဂျက် ၃ စီးနဲ့ ၄၀၇ တပ်ရင်းထဲ သယ်သွားတယ်လို့သိရပါတယ်ခင်ဗျာ။ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတစ်ဝိုက်မှာ တောက်လျောက်ကင်းပုန်းဝပ်တာမျိုးရှိတယ်လို့သိရပါတယ်။ နှမ်းကျဲရွာသွားတစ်ဦး စကစဖက်က သတ်သွားတယ်လို့လည်း သတင်းတချို့ရပါတယ် ။ အတည်တော့မပြုနိုင်သေးပါ။ ” ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်ယာဉ်တန်း တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF)၊ ထားဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA)နှင့် ရေဖြူအလယ်ပိုင်းပကဖ အဖွဲ့တို့ပါဝင်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) နှင့် မဟာမိတ်တပ်ဖွဲ့များ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ဘေးကင်းအောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article