30 C
Yangon

ရေစကြိုနှင့် မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်​တပ် ယာဥ်တန်းကို ၁၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

Must read

ရေစကြိုနှင့် မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်​တပ် ယာဥ်တန်းကို ၁၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၈ တပ်အတွင်း မှ ထွက်ခွာလာသော စစ်တပ် ယာဥ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် တောင်အိုတာတိုင်ဂိတ်သို့ အင်အားဖြည့်ရန် ခလရ ၂၅၈ တပ်အတွင်းမှ စစ်ကားအကြီးတစ်စီးဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၄၀ ခန့် သည် ကံသစ်ကျေးရွာနှင့် ကြီးကံကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင် ထားသော မိုင်းများကို တူးဖော်နေစဉ် ပဒေသာမိုင်း ၁၈ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ထောင်ထားတဲ့မိုင်းတွေကို ဆင်းပြီးဖော်တာ၊ မိုင်းဖော်နေတဲ့အချိန်တိုက်ခိုက်ခဲ့တာ၊ အခုသေ တဲ့ ၆ ကောင်က မိုင်းဆွဲတဲ့ရဲဘော်တွေ ကြည့်ပြီးလို့ သိရတာကို ထုတ်ပြန်လိုက်တာ၊ အောင်မိုးလမ်းခွဲနား ကမိုင်းပွိုင့်တွေကို ဖော်သွားတယ်၊ အလုံး ၄၀ လောက်ပါသွားတာ၊ ဆွဲမရလိုက်ဖူး၊ ဖော်ပြီးတော့ အပြန် မှာ နောက်ကျန်ခဲ့တဲ့ပွိုင့်နဲ့ထပ်ဆွဲခဲ့တာ၊ မြို့အဝင်နားက ဆွဲခဲ့တာလဲ အထိအခိုက်ကတော့ရှိတယ် ၊တပ် ထဲသယ်သွားတာ” ဟု ရေစကြို ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နံနက် ၁၁ နာရီခန့်တွင် ခမရ ၂၅၈ တပ်အတွင်းမှ အောင်မိုးလမ်းဆုံအနီး၌ကင်းပုန်းဝပ်ပြီး ဖောကားဖြင့် ပြန်လာသော အကြမ်းဖက်စစ်သား ၃၀ ခန့်ကို အောင်မိုးလမ်းဆုံအရှေ့ဘက်အရောက် ပဒေသာမိုင်း ၅ လုံးတွဲ ၂ တွဲဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ သုံးဘီးပေါ်ဆွဲတင်သွားကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့ပေါ်သို့ အင်အားဖြည့်ရန် ခလရ ၂၅၈ တပ်အတွင်းမှ ကား ဖြင့်ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို မြို့အဝင် ဘက်စုံခြံနားအရောက် ပဒေသမိုင်း ၃ လုံးတွဲ ၂ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက် သေ ဆုံး မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြို ပကဖ က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ၁၀ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Special Force-11(PDF) တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၂၇ ရက် နံနက် ၃ နာရီ ခွဲခန့်က မုံရွာ(န.မ.ခ)မှ ထွက်လာသော အကြမ်းဖက်စစ်တပ် သံပြားကာ ကားတန်း ၈ စီးတန်းမှ ရှေ့ပြေး စခကား ၃ စီးကို ပဒေသာမိုင်း ၄ လုံးတွဲ ၂ ပွိုင့်၊ ၅ လုံးတွဲ ၁ ပွိုင့်၊ ရှေ့ ထွက် ပြောင်းကြီး ၂ ပြောင်းတို့ဖြင့် လည်းကောင်း၊ နံနက် ၃ နာရီ ၅၇ မိနစ်တွင် နောက်ချန် ကား ၅ စီးတန်းမှ ၃ စီးမြောက် ကားကို ပဒေသာ မိုင်း ၅ လုံးတွဲ ၁ ပွိုင့်ဖြင့် လည်းကောင်း၊ နံနက် ၄ နာရီ ၁၅ မိ နစ်တွင် ၆ စီးမြောက်ကားကို ပဒေသာ မိုင်း ၄ လုံးတွဲ ၁ ပွိုင့်ဖြင့် လည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၂၈ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းဘက်မှ မုံရွာ(န.မ.ခ)သို့ ထွက်လာသော ၉ စီးပါယာဉ် တန်း မှ ၄ စီးမြောက်ကို ပဒေသာမိုင်း ၄ လုံးတွဲ ၁ ပွိုင့်ဖြင့်လည်းကောင်း၊ ည ၈ နာရီ ၂ မိနစ်တွင် အကြမ်း ဖက်စစ်ကား ၁၄ စီးပါ ယာဉ်တန်းမှ ၃ စီးမြောက်ကားကိုပဒေသာမိုင်း ၄ လုံး ၁ ပွိုင့်ဖြင့် လည်းကောင်း၊ ည ၈ နာရီ ၇ မိနစ်တွင် ယင်းယာဉ် တန်းမှ ၄ စီးမြောက် ကားကို ပဒေသာမိုင်း ၄ လုံးပွိုင့် ၁ ပွိုင့်ဖြင့် လည်း ကောင်း၊ ည ၈ နာရီ ၁၈ မိနစ်တွင် ၉ စီးမြောက်ကားအား ‌ရှေ့ထွက် ပြောင်း ၃ ပြောင်းဖြင့်လည်း ကောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင် မုံရွာ(န.မ.ခ)မှ စစ်ကိုင်းဘက်သို့ ထွက်ခွာလာသော ကြေးနီ တင် တွဲကား ၅ စီးပါယာဉ်တန်းမှ ၃ စီးမြောက်ကားကို ပဒေသာမိုင်း ၄ လုံးတွဲ ၁ ပွိုင့်ဖြင့်လည်းကောင်း၊ ညနေ ၅ နာရီ ၅၅ မိနစ်တွင် သံပြားကာကား ၅ စီးယာဉ်တန်းမှ နောက်ဆုံးကားကို ပဒေသာမိုင်း ၃ လုံး တွဲ ၁ ပွိုင့်ဖြင့်လည်းကောင်း၊ ညနေ ၆ နာရီ ၄၇ မိနစ်တွင် ကြေးနီတင် တွဲကား ၃ စီးပါယာဉ်တန်းမှ ပထမ ကားနှင့် ဒုတိယမြောက်ကားကို ပဒေသာမိုင်း ၃ လုံးတွဲ ၂ ပွိုင့်ဖြင့်လည်းကောင်း ဖောက်ခွဲ တိုက် ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)၏ တပ်ခွဲ ၁ Special Force-11(PDF)၊ တပ်ခွဲ ၂ Brave Heart Army(BHA) ၊ တပ်ခွဲ၄ Monywa Dynamite(STF) ညီနောင်ရဲဘော် များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားအချို့ထိခိုက်ပျက်စီးကာ ထိခိုက်သေဆုံးမှု မသိရသေး ကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article