34 C
Yangon

လောင်းလုံးမြို့နယ်တွင် ဗိုလ်မှူးကြီး ဗထူးကျဆုံးခြင်း ၇၈ နှစ်မြောက်နေ့အဖြစ် ဗထူးနေ့ အခမ်းအနား ပြုလုပ်

Must read

လောင်းလုံးမြို့နယ်တွင် ဗိုလ်မှူးကြီး ဗထူးကျဆုံးခြင်း ၇၈ နှစ်မြောက်နေ့အဖြစ် ဗထူးနေ့ အခမ်းအနား ပြုလုပ်

ရန်ကုန်၊ ဇွန် ၂

လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး ဗိုလ်မှူးကြီး ဗထူး ကျဆုံးခြင်း ၇၈ နှစ်မြောက်နေ့ အဖြစ် ဗထူးနေ့ အခမ်းအနားကို ဗိုလ်မှူးကြီး ဗထူး မွေးရပ်ဇာတိမြေ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခြင်း၊ တော်လှန်ရေးအင်အားစုများမှ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်းအပါအဝင် တော်လှန်ရေးကဗျာများ ရွတ်ဆိုခြင်း စတဲ့အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်း အခမ်းအနားသို့ လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ အခြေခံပညာကျောင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြား ‌တက်ရောက်လာကြပြီး ဗိုလ်မှူးကြီးဗထူးအား အောက်မေ့လွမ်းဆွတ်သည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့​ကြောင်း သိရသည်။

ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး‌တပ်မတော်(BIA)သို့ စတင်ဝင်ရောက်ချိန်မှအစ၍ မိဘ ဇနီး သားသမီးများနှင့် တစ်ခါတ‌စ်ခေါက်မျှ တွေ့ခွင့်မရဘဲ ဗမာပြည်လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းရင်း ၁၉၄၅ ဇွန်လ ၂ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသည့် ထားဝယ်တိုင်းရင်းသား မြန်မာ့သူရဲကောင်းတစ်ဦးဖြစ်သည်။

၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားတွင် ဗိုလ်မှူးကြီးဗထူးကျဆုံးသည့် ဇွန်လ ၂ ရက်နေ့အား“ဗထူးနေ့”အဖြစ် သတ်မှတ်ကြောင်း မော်ကွန်းရေးထိုး ကြေညာခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article