28 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီးရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦး အရှင်ဖမ်းမိပြီး တူမီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Must read

သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီးရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦး အရှင်ဖမ်းမိပြီး တူမီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇွန် ၂

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏကြီးရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ ၃ ဦး အရှင်ဖမ်းမိပြီး တူမီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီးပျူစောထီးရွာကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ရာတွင် ပထမဦးစွာ Drone ဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့​ပြီး မြေပြင်မှ တပ်ဖွဲ့ ၂ ဖွဲ့ခွဲ၍ ရွာထဲသို့ဝင်ရောက်ခဲ့ကာ အဖွဲ့ ၁ မှ ရွာလယ် ကင်းစခန်း နားကပ်၍ ကင်းကုန်း၌ ဝင်ရောက် နေရာယူချိန် ပျူစောထီး ၂ ဦးမှာ ကင်းနား ကပ်လာသောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့နောက် ရွာထဲသို့ ဝင်ရောက်ခဲ့သော တော်လှန်ရေး တပ်ဖွဲ့များကို ပျူစောထီးများမှ ပစ်ခတ်တိုက်သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များမှ ပြန်လည် ပစ်ခတ်ရာ ပျူ‌စောထီး ၃ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိပြီး ထွက်ပြေးသွားကြောင်း၊ ပျူကင်းကုန်းတွင် ကျန်နေသော ပျူစောထီး ၃ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ် ၅ စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်

တပ်ဖွဲ့ ၂ သည် ရွာအရှေ့ဘက်မှ ရွာထဲသို့ဝင်ရောက်ခဲ့ရာ မောင်းပြန် ကိုင်ဆောင် ထားသော ပျူစောထီးကို တွေ့၍ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ပစ်စ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းပျူစောထီးသည် ထွက်ပြေးသွားကြောင်း၊ ထို့နောက်ရွာထဲသို့ဝင်၍ အုပ်ချုပ်းမှူး နေအိမ်ကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ ပျူစာရင်းစာအုပ်၊ တူမီး ၂ လက်၊ တူမီးယမ်း ဆက်စပ်ပစ္စည်းများ၊ လက်လုပ်တစ်တောင့်ထိုး ၂ လက်၊ 7.62 ကျည်၊ ကျည်ဘောက်၊ 120MM ပို့ယမ်း၊ ဓားနှစ်လက် အစရှိသည့် ပစ္စည်းများသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

” ပျူစ​ောထီး ၃ ဦးကိုတော့ ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်မှုတွေ ပြုလုပ်နေပါတယ်။ သူတို့ အပြစ်ပေါ် မူတည်ပြီး ထိထိ ရောက်ရောက် အရေးယူသွားမယ်။ နောက်နောင်ပျုစောထီးရွာ အဖြစ်နဲ့ ရပ်တည်နေမယ်ဆိုရင်တော့ ထိထိ ရောက်ရောက် ရှင်းလင်း ဆောင်ရွက်မှာဖြစ်တယ်” ဟု ဗိုလ်လင်းယုန် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ဇင်‌ယော် PDF တပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့နှင့် Northern Tigers Group တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article