35 C
Yangon

ပုလောတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသည်ကို တွေ့မြင်ခဲ့သည့် အမေဖြစ်သူလည်း နှလုံးရပ် သေဆုံး

Must read

ပုလောတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသည်ကို တွေ့မြင်ခဲ့သည့် အမေဖြစ်သူလည်း နှလုံးရပ် သေဆုံး

■ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇွန် ၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသည်ကို တွေ့မြင်ခဲ့သည့် အမေဖြစ်သူလည်း နှလုံးရပ်သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က ပဝတ်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် မင်းထိန်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မင်းထိန်ရွာမှ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး လက်နက်ကြီး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ အဆိုပါ မြင်ကွင်းကို တွေ့ခဲ့ရသည့် အသက် ၁၀၀ ဝန်းကျင်ရှိ မိခင်ဖြစ်သူလည်း နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

“သူ့သမီးက အိမ်နားမှာ ရေခပ်နေတဲ့အချိန်လက်နက်ကြီးထိပြီးသေတာ။ အမေ ဖြစ်သူက အဲဒါကို အိမ်ပေါ်ကမြင်ပြီးနှလုံးရပ်ပြီးဆုံးသွားတာပဲ။ အမေကတော့ လက်နက်ကြီးမထိဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ဇွန် ၁ ရက်နေ့ နံနက်ပိုင်းက ဆန်းသစ်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လယ်သစ်ရွာမှ ပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး၊ တိမ်းရှောင်နေရကြောင်း သိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article