36 C
Yangon

ဘူးသီးတောင်၊ ကကျက်ဘက်ရွာရှိ လမ်းဘေးဆိုင်များကို ဗျူဟာမှူးနှင့် အုပ်ချုပ်ရေးမှူးက တစ်ဆိုင်လျှင် ၅ သိန်းကျပ် တောင်းခံပြီး မပေးလျှင် ဆိုင်ခန်း ဖျက်မည်ဟု ခြိမ်းခြောက်

Must read

ဘူးသီးတောင်၊ ကကျက်ဘက်ရွာရှိ လမ်းဘေးဆိုင်များကို ဗျူဟာမှူးနှင့် အုပ်ချုပ်ရေးမှူးက တစ်ဆိုင်လျှင် ၅ သိန်းကျပ် တောင်းခံပြီး မပေးလျှင် ဆိုင်ခန်း ဖျက်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇွန် ၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာရှိ လမ်းဘေးစျေးဆိုင် ၁၀၀ ကျော်ကို ဗျူဟာမှူးနှင့် အုပ်ချုပ်ရေးမှူးတို့က တစ်ဆိုင်လျှင် ၅ သိန်းကျပ် တောင်းခံပြီး မပေးလျှင် ဆိုင်ခန်း ဖျက်မည်ဟု စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက် ပြောဆိုနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“ဆိုင်ဖျက်ဖို့ခြိမ်းခြောက်တယ် ။ ကျေးရွာ အုပ်ချုပ်ရေမှူး မာမတ်ဇာဖောရ်နဲ့ ဦးအောင်မြင့်သား‌ အောင်သားထွန်း (ခ) ရော်ဖီအုလ်ခါဒဲရ် သူတို့နဲ့ ဗျုဟာမှူးပါဝါ ပြလို့လုပ်ပါတယ်။ တစ်ဆိုင် ၅ သိန်းနှုန်းနဲ့ ဆိုင်အားလုံးပေါင်း သိန်း ၅၀၀ တောင်းပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ဆိုင်ခန်းများကို ဖျက်သိမ်းရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဗျူဟာမှူးက ပြောကြားခိုင်းကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက လာရောက်ပြောဆိုခဲ့ကာ ငွေတောင်းခံခြင်းဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ဆိုင်ခန်းဖျက်သိမ်းခိုင်းသည်ကို မသိရှိရကြောင်း ဒေသပြည်သူများက ဆက်လက်​ပြောဆိုသည်။

အကကျက်ဘက်ရွာ လမ်းဘေးစျေးဆိုင်တွင် ဆိုင်ခန်းပေါင်း ၁၀၀ ခန့်ရှိပြီး ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသသည်။

“အရင်လည်း တစ်ခါမီးရှို့ခံရပြီးပြီ ၂၀၁၇ က ။ မီးရှို့ပြီး ဝါး/ဓနီးနဲ့ဆောက်ထားကြတာကို တစ်နှစ်အတွင်း အုတ်နဲ့လုပ်ဖို့နဲ့ မလုပ်ရင်ဖျက်မယ်လို့ ခြိမ်းခြောက်တယ်။ ခုလည်း ထပ်ဖျက်ခိုင်းတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဆိုင်ခန်းများမှာ တန်ဖိုးကြီး ပစ္စည်းများ ရောင်းချနေသည့် ဆိုင်ခန်းများ မဟုတ်ဘဲ သာမန် စားသောက်ကုန်ပစ္စည်းများကို ရောင်းချကြသူများဖြစ်ကြောင်း၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ဆိုင်ခန်းများ ပျက်စီးခဲ့ရသည်ကို ပြန်လည်ပြုပြင်၍ ဖွင်လှစ်ခဲ့ရသူများဖြစ်ပြီး တစ်ဆိုင်လျှင် ၅ သိန်းကျပ်ပေးဆောင်ရန် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာရှိ လမ်းဘေးစျေးဆိုင် ၁၀၀ ကျော်ကို ငွေမပေးပါက တစ်ပတ်အတွင်းဖျက်သိမ်းရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article