28 C
Yangon

အမျိုးသားညီညွတ်အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း Gold Medal for Human Rights – 2023 ဆု ချီးမြှင့်ခံရ

Must read

အမျိုးသားညီညွတ်အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း Gold Medal for Human Rights – 2023 ဆု ချီးမြှင့်ခံရ

ရန်ကုန်၊ ဇွန် ၂

သြစတြေးလျနိုင်ငံသို့ ခေတ္တရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သည် ယနေ့ ဇွန် ၂ ရက်နေ့တွင် The Sydney Peace Foundation ၏ လူ့အခွင့်အရေးဆိုင်ရာ စွမ်းစွမ်းတမံဆောင်ရွက်မှုများအတွက် ချီးမြှင့်သော ရွှေတံဆိပ်ဆု (Gold Medal for Human Rights – 2023) ကို ချီးမြှင့်ခံခဲ့ရကြောင်း သိရှိရသည်။

လူ့အခွင့်အရေးဆိုင်ရာ စွမ်းစွမ်းတမံဆောင်ရွက်မှုများအတွက် ချီးမြှင့်သော ရွှေတံဆိပ်ဆု (Gold Medal for Human Rights – 2023) ကို ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်း၏ ယာယီဌာနမှူး ပရော်ဖက်ဆာ ရော့ဒနီ စမစ် မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွှေတံဆိပ်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ ဆစ်ဒနီမြို့နေ မြန်မာမိသားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မြန်မာနိုင်ငံဒီမိုကရေစီအရေး တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်နေကြသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ “Is Peace & Democracy Possible in Myanmar?” အကြောင်းအရာကို ပြောကြားပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်ကြသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article