38 C
Yangon

ရွှေပြည်သာနှင့် ယုဇနဥယျာဉ်မြို့တော်တွင် ဗုံးများပေါက်ကွဲ

Must read

ရွှေပြည်သာနှင့် ယုဇနဥယျာဉ်မြို့တော်တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ ဇွန် ၂

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် ယနေ့ ဗုံးများပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ ည ၈ နာရီ ၄၉ မိနစ်အချိန် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာဝင်းထဲတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ၊ ယင်းနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများက ပြောဆိုသည်။

“ယုဇနဥယျဥ်မြို့တော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ပေါက်ကွဲသံကြားရတယ်။ ၂ ချက် ဆက်တိုက်ပေါက်ကွဲတယ်။ ပြီးတော့ သေနတ်နဲ့ ၅ ချက်လောက် ပစ်သံကြားရတယ်။ အခုတော့ စစ်ခွေးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတွ စုပြီး ဧည့်စာရင်း စစ်နေကြပြီ။ ရမ်းကားနေကြတယ်” ဟု ယုဇနဥယျာဉ်မြို့တော်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊အမှတ် ၂၅ ရပ်ကွက်၊ အုတ်ဖိုကျေး ရွာ၊ အမှတ် ၄ လမ်းမကြီးဘေး၊ ပါဝါဖက်ရှင်အထည်ချုပ်စက်ရုံရှေ့လမ်းတစ်ဖက်ခြမ်းရှိ သစ်ပင်အောက်တွင် “လေတပ်အတွက်”ဟု ရေးသားထားသော မိုင်း ၂ လုံး တွေ့ရှိခဲ့ရပြီး စစ်တပ်က ဖောက်ခွဲလိုက်ကြောင်း စစ်တပ် ထောက်ခံသော သတင်းစာမျက်နှာတချို့၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

“ဗုံးပေါက်တာတော့မဟုတ်ဘူး။ သူတို့ဗုံးသူတို့ ခွဲတာထင်တယ်။ ဧည့်စာရင်းတွေ တိုင်ဖို့ ရပ်ကွက်လူကြီးတွေက လိုက်ပြောနေတယ်” ဟု ရွှေပြည်သာ၊ ၂၅ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article