24 C
Yangon

မိုးဗြဲမြို့တွင် တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ စစ်တပ်ပိုင် လက်နက် ၁ လက် သိမ်းဆည်းရရှိ

Must read

မိုးဗြဲမြို့တွင် တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ စစ်တပ်ပိုင် လက်နက် ၁ လက် သိမ်းဆည်းရရှိ

■ စစ်တပ်က လကနက်ကြီးဖြင့် ပစ်ခတ်မှု ကလေးတစ်ဦးသေဆုံးပြီး နေအိမ် ၂ လုံးမီးလောင်ပျက်စီး

ရန်ကုန်၊ ဇွန် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်း၌ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁၀ ဦးအထက်သေဆုံးကာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်မှု ကြောင့် ကလေးတစ်ဦးသေဆုံးပြီး နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မိုးဗြဲ PDF ထံမှ သိရသည်။

ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း မိုးဗြဲမြို့အတွင်းသို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်တပ်ကို အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင် နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ရာ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ၁၀ ဦးအထက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ တာဝေး ပစ်လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ ထက်မနည်း ပစ်ကူပေးတိုက် ခိုက် မှုကြောင့် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၀ နှစ်အ ရွယ် ကလေးငယ် တစ်ဦး ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၂ လုံးမီးလောင်ပျက်စီးကာ နေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မြို့ပြတော်လှန်ရေးတပ်ဦး (URF)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက် ၁ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ယမန်နေ့ ဇွန်လ ၄ ရက် ညပိုင်းကလည်း အကြမ်းဖက်စစ်တပ်မှ မိုးဗြဲမြို့တွင်သို့ တာဝေးပစ်လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေ အနေတင်းမာလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်သို့ အသွား အလာများ မပြုလုပ်ကြပါရန်၊ ခရီးသွားမိဘပြည်သူများအနေဖြင့် လည်း လွိုင် ကော်-ပင်လောင်း လမ်းမကြီးကို အသုံး မပြုကြရန် အမှတ် (၁၀၀၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ဖွဲ့က အထူးအသိသတိပေးမေတ္တာ ရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article