29 C
Yangon

ပုလဲမြို့မရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၃ ရက်ဆက် ပစ်ခတ် တိုက်ခိုက်

Must read

ပုလဲမြို့မရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၃ ရက်ဆက် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့မရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၃ ရက်ဆက် တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက် တပ်မတော်မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၄ ရက် နေ့လည် ၁ နာရီ မိနစ် ၅၀ တွင် တစ်ကြိမ်၊ ဇွန်လ ၅ ရက် ည ၈ နာရီမှ ၁၂ နာရီခွဲအထိ တစ်ကြိမ်၊ ဇွန်လ ၆ ရက် နေ့လည် ၁၁ နာရီ ခွဲမှ ညနေ ၄ နာရီ ၁၅ မိနစ်အထိ တစ်ကြိမ် အကြမ်းဖက်စစ် သားများ အထိုင်ချတပ်စွဲထားသည့် ပုလဲမြို့မရဲစခန်းကို လက်နက်ကြီး ၆၀ မမ အလုံး ၃၀၊ ၈၀ မမ အ လုံး ၅၀ ၊ ၁၂၀ မမ ၇ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေး ၃၀ လောက်ရှိမယ်၊ လက်နက်ငယ်က ပုလဲမျက်စိဆေးရုံနားအထိ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်၊ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိတယ်၊ Rocket လည်း သုံးခဲ့တယ်၊ သေဆုံးထိခိုက်မှုကတော့ မသိရသေးဘူး၊ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ကျားသစ်နက် တပ်မတော်မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့တိုက်ခိုက်နေချိန်အတွင်း ပခုက္ကူမှ မြိုင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကြောင်းကို မြိုင်မြို့နယ်၊ ပန်းတိုင်းတောရွာ အရောက်ဘက်အရောက် ကျားသစ်နက်တပ်မ တော် ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ နှင့် မဟာမိတ်တပ်ဖွဲ့ပူးပေါင်း တပ်ဖွဲ့များက မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျားသစ်နက်တပ်မတော်အနေဖြင့် စခန်းသိမ်းတို က်ပွဲများ ဖော်ဆောင်ချင်သော်လည်း လက်နက်၊ကျည် အင်အား မလုံလောက်ခြင်းတို့ဖြစ်ပေါ်နေသဖြင့် မိဘပြည်သူများမှ ဝန်းရံကူညီပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article