38 C
Yangon

တနင်္သာရီမြို့နယ်တွင် အမတ ၃၀၆ က ဖမ်းဆီးထားသည့် ပြည်သူများကို ခန္ဓာကိုယ်ကို ဓားနှင့်မွှန်းပြီး ဆား၊ ငရုပ်သီးမှုန့်များဖြင့်သိပ်ကာ နှိပ်စက်

Must read

တနင်္သာရီမြို့နယ်တွင် အမတ ၃၀၆ က ဖမ်းဆီးထားသည့် ပြည်သူများကို ခန္ဓာကိုယ်ကို ဓားနှင့်မွှန်းပြီး ဆား၊ ငရုပ်သီးမှုန့်များဖြင့်သိပ်ကာ နှိပ်စက်

ရန်ကုန်၊ ဇွန် ၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၀၆ က ဖမ်းဆီးထားသည့် ပြည်သူများကို ခန္ဓာကိုယ်ကို ဓားနှင့်မွှန်းပြီး ဆား၊ ငရုပ်သီးမှုန့်များဖြင့်သိပ်ကာ နှိပ်စက်ခဲ့ကြောင်စ ဒေသ ပြည်သူများထံမှ သိရသည်။

မေလကုန်ပိုင်းက အရှေ့မော်တုန်းရွာ ဓာတ်ဆီဆိုင်မှ လူငယ် အမျိုးသား တစ်ဦး၊ လက်ဖက်ရည်ဆိုင်မှ လင်မယား ၂ ဦးအပါအဝင် ဒေသပြည်သူ ၇ ဦးခန့်ကို ရွာအနီး အခြေစိုက်သည့် အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် အမတ ၃၀၆ က ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများသည် ပြီးခဲ့သည့် ၄ ရက်မြောက်နေ့၌ ပြန်လည်လွတ်မြောက်လာပြီး ဖမ်းဆီးခံရသူများထဲမှ ၃ ဦးထက်မနည်း နှိပ်စက်ခံခဲ့ရကြောင်း သိရှိရသည်။

“ခြေတွေလက်တွေကို ဓားနဲ့မွှန်းပြီးမှ အဲဒီထဲကိုသိပ်တာလို့ပြောတယ်။ ကျွန်မသိတဲ့သုံးယောက်စလုံး အဲလိုလုပ်ခံရတာ။ တခြားသူတွေတော့သေချာမသိဘူး” လို့ နှိပ်စက်ခံရပြီးပြန်လွတ်လာသူနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

ဒေသပြည်သူများကို စစ်တပ်က ဖမ်းဆီးပြီးနောက် ငွေကြေး အများအပြားဖြင့် လာထုတ် ခိုင်းကြောင်း၊ ထုတ်ယူခိုင်းသည့် ငွေကြေး ပမာဏကို မသိရှိကြောင်း၊ နှိပ်စက် ခံထားရသူများသည် ဒဏ်ရာ အပြင်းအထန်ရရှိပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ထို့ပြင် ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းကဘည်း တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းရွာကို ခဏပြန်လာသည့် အမျိုးသား ၇ ဦးကို ရွာအနီးရှိရစစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article