38 C
Yangon

ကသာမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းများတွင် PDF ဝတ်စုံ ဝတ်ဆင်ပေး၊ စစ်တပ်က ဒိုးပင် ကျေးရွာကို မီးတင်ရှို့ခဲ့

Must read

ကသာမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းများတွင် PDF ဝတ်စုံ ဝတ်ဆင်ပေး၊ စစ်တပ်က ဒိုးပင် ကျေးရွာကို မီးတင်ရှို့ခဲ့

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ် ဖြတ်ပြီး ကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ တွင် စစ်တပ်က ကသာမြို့နယ် ဒိုးပင်ကျေးရွာသို့ ဝင်ရောက် လာပြီး ကျေးရွာကို မီးတင်ရှို့ကြောင်း၊ ယင်းနောက် ရွာဦးဘုန်းကြီးကျောင်းတွင် အသက် ၄၀ နှင့် အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရှိရသည်။

“ဇွန်လ ၇ ရက်နေ့ ဒိုးပင်ကျေးရွာ၊ မယသိမ် ရွာဦး ဘုန်းကြီးကျောင်းရောက်နေတဲ့ စစ်ခွေးတွေက အသက် ၄၀ ဝန်းကျင်နှင့် ၃၀ ကျော်ဝန်းကျင်ရှိ ပြည်သူ အမျိုးသား ၂ ဦးကို ဦးခေါင်းနောဘက်ကနေ ပစ်ခတ်ပြီး သတ်ဖြတ်တယ်။ ပြီးတော့PDF ဝတ်စုံ တွေကို အလောင်းမှာ ဝတ်ပေးတယ်။ အလောင်းတွေကို ဘုန်းကြီးကျောင်း ကျောင်းအရှေ့ဘက် မီတာ ၁၀၀ ခန့်တွင် မြုပ်ထားခဲ့တယ်။ ဘယ်ရွာသားတွေလဲဆိုတာ စုံစမ်းနေဆဲပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဒိုးပင်ရွာကျေးရွာကို မီးတင်ရှို့ရာတွင် နေအိမ်အများအပြား ပြာကျသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က မီးတင်ရှို့နေသော ကျေးရွာတစ်ခု။ (ယခုနှစ်အတွင်းပုံဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article