30 C
Yangon

စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ဘဏ်ကို အမေရိကန်က ဒဏ် ခတ်ပိတ် ဆို့မည့်သတင်းကြောင့် မြန်မာ့စီးပွားရေးလောကကို ပြင်းထန် စွာ ရိုက်ခတ်ပြီး ဒေါ်လာအရောင်းအဝယ် ယာယီရပ်ဆိုင်း

Must read

စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ဘဏ်ကို အမေရိကန်က ဒဏ် ခတ်ပိတ် ဆို့မည့်သတင်းကြောင့် မြန်မာ့စီးပွားရေးလောကကို ပြင်းထန် စွာ ရိုက်ခတ်ပြီး ဒေါ်လာအရောင်းအဝယ် ယာယီရပ်ဆိုင်း

■ ပြည်သူများ မစိုးရိမ်ရန် ဇော်မင်းထွန်း ထွက်ရှင်းလာပြီး အမေရိကန်၏ လုပ်ရပ်ကြောင့် ဒီမိုကရေစီ နှောင့်နှေးမည်ဟုဆိုပြန်

ရန်ကုန်၊ ဇွန် ၂၀

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေ ရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ရန် ရှိနေသည်ဆိုသော သတင်းကို ထိုင်းသတင်းဌာနများက ထုတ်လွှင့်ခဲ့ရာ ယင်းသတင်းကြောင့် မြန်မာ့ စီးပွား ရေးလောကသို့ ပြင်းထန်စွာ ရိုက်ခတ်နေကြောင်း UMFCCI စီးပွားရေး လုပ်ငန်း ရှင်တချို့ထံမှ သိရှိရသည်။

Thai PBS သတင်းဌာနက အမေရိကန်ပြည်ထောင်စုက စစ်တပ်၏ နိုင်ငံခြား ဝင်ငွေကို ဖြတ်တောက်ရန် MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ် ဆို့ အရေး ယူမည်ဖြစ်ကြောင်း သတင်းဖော်ပြခဲ့ရာ ယင်းသတင်း ထွက်ပေါ် လာချိန် တွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အများစုအကြား အမေရိကန် ဒေါ်လာငွေ ကြေး စီးဝင်မှု ပြတ်တောက်မည်ကို အဓိက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရှိ ရသည်။

“ကျနော်တို့ တစ်နိုင်ငံလုံးက Import ပေါ်မှာ မူတည်ထားတာ။ ကိုယ်တိုင် ထုတ် နိုင်တာဘာမှ မရှိဘူး။ စက်သုံးဆီကအစ သာမန်လူသုံးကုန်အထိ သွင်း ကုန် သွင်းဖို့က ဒေါ်လာမရှိရင် ဒါတွေစျေးတက်လာမယ်။ MFTB နဲ့ MICB အပိတ်ခံရရင် စက်သုံးဆီတင်သွင်းမှုကစပြီး သွင်းကုန်ကိစ္စအားလုံးထိခိုက်မယ်။ ငွေအဝင် အထွက်လုပ်မရတော့ရင် နောက်ဆက်တွဲက လုပ်ငန်းတွေရပ် နိုင် တယ်။ ဒီသတင်းထွက်လာတော့ အခုအတော်လေးကို လှုပ်လှုပ် ခတ်ခတ် ဖြစ်နေပြီ။ တကယ်ဖြစ်လာရင်တော့ ဒေါ်လာအစားထိုး အရင် FEC ခေတ် တောင် ပြန်ပေါ် လာမလားပဲ စိုးရိမ် နေရပြီ” ဟု UMFCCI အသင်းဝင် စီးပွား ရေးသမားတစ်ဦးက ပြောဆိုသည်။

MFTB နှင့် MICB ကို အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မည်ဆိုသော သတင်းများကြောင့် ယနေ့ အမေရိကန်ဒေါ်လာ စျေးကွက်တွင် အရောင်းမရှိဘဲ အဝယ်သာရှိကြောင်း၊ ဒေါ်လာတစ်ဒေါ်လာလျှင်ငွေကျပ် ၃၁၅၀ ကျပ်အထိ ခေါ် စျေးရှိကြောင်း သိရှိရသည်။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြည်သူများ စိတ်မပူရန်နှင့် အမေရိကန်၏ လုပ်ရပ်သည် စစ်တပ်က ပါတီစုံဒီမိုကရေစီသွားမည်ဟု အတိအလင်းပြောထားမှုကို နှောင့်နှေးကြန့်ကြာစေမည်ဟု ထွက်ရှင်းလာသည်။

” ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိဖို့ အသိပေးလိုပါတယ်။ ကျနော်တို့ နိုင်ငံ မှာတော့ နိုင်ငံခြားဘဏ်ငွေဝန်ဆောင်မှုလုပ်ငန်းတွေကို ဘဏ် တစ် ဘဏ် တည်းက ဆောင်ရွက်နေတာမဟုတ်ဘူး။ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေ နိုင်ငံ ခြား ဘဏ် ဘဏ်ခွဲတွေကလည်းဆောင်ရွက် လျက်ရှိတယ်။ ပူပန်စရာမလိုဘူး။ အမေရိကန်ပြည်ထောင်စုက ဒီလိုမျိုးဆောင်ရွက်ခြင်းက စီးပွားရေးအရ နိုင်ငံ ရေး အကျပ်အတည်းဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်တယ်။ မေးခွန်းထုတ် လို တာက ပါတီစုံ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ် သွားမယ်လို့ ပြောထားတာကို ဒီလိုမျိုးလုပ်ကိုင်ခြင်းက ပါတီစုံ ဒီမိုကရေစီ စနစ် သွားတဲ့ နေရာမှာ မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်စေနိုင်တယ်လို့ပဲ ပြောချင်ပါ တယ်” ဟု စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article