32 C
Yangon

Breaking News- စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ဘဏ်၊ ကာ ကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက စီးပွား ရေးပိတ်ဆို့ ဒဏ်ခတ်ကြောင်း တရားဝင် ကြေညာ

Must read

Breaking News- စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ဘဏ်၊ ကာ ကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက စီးပွား ရေးပိတ်ဆို့ ဒဏ်ခတ်ကြောင်း တရားဝင် ကြေညာ

ရန်ကုန်၊ ဇွန် ၂၁

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ MFTB မြန်မာ့နိုင်ငံခြားကုန် သွယ်မှု ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေး ဘဏ်MICB ၊ စစ် တပ် ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ် ဆို့ဒဏ်ခတ်ကြောင်း ယနေ့ တရားဝင် ထုတ်ပြန် ကြေညာလိုက် ပြီဖြစ် သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီ၏ ကာကွယ် ရေး ဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှု နှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တို့ကို ပိတ်ဆို့ အရေးယူ ကြောင်း၊ အဆိုပါ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်သည့် ဌာနများနှင့်ပတ်သက် ၍ အသေးစိတ် ရှင်းလင်း ရေးသားထားသည်။

စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်သော မြန်မာစစ်တပ်၏ ကာကွယ်ရေးဝန်ကြီး ဌာနသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖိနှိပ်ချုပ်ချယ်ထားသော စစ် အုပ် ချုပ်ရေး ကွပ်ကဲမှုနှင့် ဖိနှိပ်သော ကွပ်ကဲမှုများအတွက် တာဝန်ရှိကြောင်း၊ အာဏာ သိမ်းပြီးချိန်မှစ၍ ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများနှင့် လက်နက်စ္စည်း များကို စီးပွားရေးပိတ်ဆို့ထားသော ရုရှား ထံမှ တင်သွင်းခဲ့ကြောင်း၊ အဆိုပါ တင်သွင်း မှုသည် ရုရှားနိုင်ငံ အတွက် ဝင်ငွေများဖြစ်စေခဲ့ပြီး မြန်မာစစ်တပ် အနေ ဖြင့်လည်း မြန်မာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ယင်းစစ် လက်နက် ပစ္စည်းများဖြင့် ကျူးလွန် ခဲ့ကြောင်း အမေရိကန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

စီးပွားရေးပိတ်ဆို့လိုက်သော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့သည် နိုင်ငံခြားငွေလဲလှယ်မှု အဓိကလုပ်ဆောင်ကြပြီး ကျပ်ငွေကို အမေရိကန် ဒေါ်လာနှင့် ယူရိုတို့ကို အပြောင်းအလဲ လုပ်ဆောင် ပေးသည့် နိုင်ငံပိုင် ဘဏ္ဍာ ရေး အဖွဲ့အစည်းများဖြစ်ကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) ဝင်ငွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်ငွေထွက်ငွေများသည် MFTB နှင့် MICB တို့မှတစ်ဆင့် ဝင်ရောက်ပြီး စစ်ကောင်စီက လက်ခံရရှိကြောင်း၊ စစ်ကောင်စီသည် နိုင်ငံ တကာ စျေးကွက်သို့ MFTB နှင့် MICB မှတဆင့် ထိတွေ့နိုင်ပြီး စစ်လက်နက် ဝယ်ယူမှု များအပါအဝင် စီးပွားရေး အတွက် အထောက် အကူ ပြုနေ ကြောင်း အမေရိကန်၏ ကြေညာချက်တွင် ရေးသား ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article