34 C
Yangon

ချင်းတွင်းမြစ်အတွင်း စစ်တပ်က စက်လှေမောင်းသမား ၁ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းကို ရေထဲမျော၍ ဖျောက်ဖျက်

Must read

ချင်းတွင်းမြစ်အတွင်း စစ်တပ်က စက်လှေမောင်းသမား ၁ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းကို ရေထဲမျော၍ ဖျောက်ဖျက်

ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရှိ ညောင်ပင်ကြီး စက်လှေဆိပ်ဘက်တွင် အကြမ်းဖက် စစ်တပ်က စက်လှေမောင်းသမား ၁ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းကို ရေထဲမျော၍ ဖျောက်ဖျက်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မုံရွာဆိပ်မှ စက်လှေ ၁ စီးကို ချောဆွဲပြီး ညောင်ပင်ကြီးစက်လှေဆိပ်ကို ပစ္စည်းသွားပို့စဥ် ပစ္စည်းများ ချပြီးအပြန်၌ စစ်သားများက စက်လှေသမားကို ပစ်သတ်လိုက်ပြီး ရုပ်အလောင်းကို ရေထဲမျော၍ ဖျောက်ဖျက်လိုက်ကြောင်း သိရသည်။

“စစ်ခွေးတွေက စက်လှေ ၁ စီးကို ချောဆွဲလာတုန်း ကမ်းကပ်ပြီး မောင်းလို့ အပြန်မှာ သေနတ်နဲ့ သုံး ၃ ချက်ပစ်လိုက်တာ စက်လှေကရေလယ်ခေါင်မှာ လည်နေတာတွေ့တယ်။ ပထမက သေနတ်သံ ကြားရပေမယ့် ဘာဖြစ်မှန်းမသိဘူး။ နောက်မှသတ်ပစ်လိုက်ပြီဆိုတာသိရတာ သေဆုံးသူ အမည်နဲ့ ဘယ်ရွာမှာနေတယ်ဆိုတာ မသိရသေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article