28 C
Yangon

ပခုက္ကူမြို့နယ်၊ ခြောက်ကန်ရွာ၌ တပ်စွဲနေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ထီးလင်းတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

Must read

ပခုက္ကူမြို့နယ်၊ ခြောက်ကန်ရွာ၌ တပ်စွဲနေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ထီးလင်းတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ခြောက်ကန်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chauk Guerilla Force(C.G.F) မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဇွန်လ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ခြောက်ကန်ရွာ ဘုန်းကြီး ကျောင်း တောင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ မီတာ ၁၅၀ အတွင်း အနီးကပ် အလစ်အငိုက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိ သူများလည်းရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“ဒီနေ့ ညနေ ၄ နာရီခွဲလောက်မှာ ထပ်ဆော်ခဲ့တာ၊ စစ်ခွေးတွေက အထိုင်ချထားတာ၊ တစ်လမပြည့်သေး ဘူး၊ စခန်းအပြင်ဘက်မှာ တွေ့တဲ့ သူတွေကို မီတာ ၁၅၀ အတွင်းကနေ ပစ်ခဲ့တာ၊ ခွေးတွေဘက်က ပြန် ပစ်တာတော့ရှိတယ်၊ ပစ်ပြီးချက်ချင်းပြန်ဆုတ်လာခဲ့တာဆိုတော့ ကျနော်တို့ ရဲဘော်တွေ အထိအခိုက် မရှိခဲ့ ပါဘူး၊ ကင်းပုန်းတွေလဲ ချထားတာရှိတော့ ပြန်ဆုတ်လာခဲ့တာ၊ စစ်ခွေး ၃ ကောင်သေတယ်၊ ဒဏ် ရာရရှိတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်” ဟု Chauk Guerilla Force(C.G.F) မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဝါးရင်းချိုင်ကျေးရွာနှင့် ထီးလင်းမြို့ကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဂန့်ဂေါ ခရိုင် တပ်ရင်း ၁၈ – YNRF ထံမှ သိရသည်။

ဇွန်လ ၁၆ ရက်နေ့က အုန်းတွဲကျေးရွာမှ ထီးလင်းမြို့သို့ ပြန်ဆုတ်လာသော အကြမ်းဖက်စစ်သား ၁၅၀ ခန့်ရှိ စစ်ကြောင်းကို ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်း-YNRF မှ ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်ဖးက်စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိကာ ဒဏ်ရာရရှိ သူများ ကိုထီးလင်းမြို့ထဲမှ အချုပ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article