30 C
Yangon

စစ်ကောင်စီက ဒေါ်လာ အရောင်းအဝယ်အားလုံးကို ထိန်းချုပ်ကြောင်း အမိန့် ထုတ် ပြန်သော်လည်း သွင်းကုန်အတွက် တစ်နှစ် ဒေါ်လာ ၁၈ ဘီလီယံ ဝန်း ကျင် လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး မလွယ်ကူ

Must read

စစ်ကောင်စီက ဒေါ်လာ အရောင်းအဝယ်အားလုံးကို ထိန်းချုပ်ကြောင်း အမိန့် ထုတ် ပြန်သော်လည်း သွင်းကုန်အတွက် တစ်နှစ် ဒေါ်လာ ၁၈ ဘီလီယံ ဝန်း ကျင် လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး မလွယ်ကူ

■ စစ်တပ်ဗဟိုဘဏ်က ယမန်နေ့ ဒေါ်လာ ၆ ဒသမ ၈၉ သန်းကို တစ်ဒေါ်လာ ၂၉၂၂ ကျပ် ဖြင့် ပုဂ္ဂလိက ဘဏ် ၆ ခုသို့ ထုတ်ရောင်းပြီး Facebook ပေါ်မှ ဒေါ် လာ စျေးနှုန်းများ တရားမဝင်ဟုဆို

ရန်ကုန်၊ ဇွန် ၂၃

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်တွင်း တွင် ဒေါ်လာတန်ဖိုးမြင့်တက်မှုကို ကာကွယ်ရန် ဒေါ်လာ အရောင်းအဝယ် အား လုံးကို ထိန်းချုပ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီး ဒေါ်လာအရောင်း အဝယ် မှန် သမျှ ဗဟိုဘဏ်ကသာ ဆုံးဖြတ်လုပ်ကိုင်မည်ဟု ညွှန်ကြားချက် ထုတ် ပြန် သည်။

စစ်​ကောင်စီ၏ ဗဟိုဘဏ်က “နိုင်ငံခြား​ငွေ​ကြေး​ဈေးကွက်အတွင်း ဘဏ်နှင့် Customer အကြား ၊ Customer အချင်းချင်းအကြားအ​ရောင်းအဝယ်များကို online ဖြင့် မြန်မာနိုင်ငံတာ်ဗဟိုဘဏ် သို့တင်ပြ​ရောင်းဝယ်ရန် ကိစ္စ”ဟု​ခေါင်းစဥ် တပ်ထားပြီး ​ဒေါ်လာ​ရောင်းဝယ်မှုအားကို စစ်​ကောင်စီက အလုံးစုံ ထိန်းချုပ်ကန့်သတ်ထား​သော ညွန်ကြားချက်ကိုဇွန် ၂၁ ရက်စွဲဖြင့် ထုတ် ပြန်လာခြင်းဖြစ်သည်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဘဏ်နှင့် Customer အကြား၊ Customer အချင်းချင်းအကြား အရောင်းအဝယ်များကို Online ဖြင့် ဗဟိုဘဏ်သို့ တင်ပြ ရောင်းဝယ်ရန် ညွှန်ကြားလိုက်ပြီး ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြား ငွေကြေး ဈေးကွက်အတွင်း လိုအပ်ပါက အရေးကြီးကုန်စည်များအတွက် SWAP Financing ပေးခြင်း၊ နိုင်ငံခြားငွေ ရောင်းချပေးခြင်း၊ ဝယ်ယူခြင်း စသည်တို့ကို ဝင်ရောက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ​ဒေါ်လာ​ရောင်းလိုသူ ၊ဝယ်လိုသူ ၊ဘာ​ကြောင့်​ရောင်းလို၊ဝယ်လိုခြင်းအ​ကြောင်းပြချက် ၊​ဈေးနှင့် ​ရောင်းဝယ်လို​သောပမာဏ ၊​ဝင်​​ငွေရလမ်း ၊ကုမ္ပဏီအ​ထောက်အထားစသဖြင့်အ​သေးစိတ် အချက်အလက် များ စိစစ်​တောင်းခံလိုက်ပြီး နိုင်ငံခြား​ငွေ​ရောင်းဝယ်ခွင့်ရဘဏ်များသည်နံနက် ၁၀နာရီမှ ၁၁နာရီခွဲအကြားတွင် ဘဏ်နှင့် ဒေါ်လာဝယ်ယူမည့် လုပ်ငန်းရှင် များအကြား ရောင်းဝယ်ရန် စီစဉ်ထားသည့် အရောင်းအဝယ်များ ၊ ဝယ်/ရောင်း လိုသည့် ကုမ္ပဏီစာရင်းကို ဗဟိုဘဏ်သို့ ပူးတွဲပေးပို့ရန် ထုတ်ပြန်သည်။

ဒေါ်လာ ဝယ်ယူလိုသည့်ကုမ္ပဏီဖြစ်စေ၊ ရောင်းချလိုသည့် ကုမ္ပဏီဖြစ်စေ လုပ် ငန်းအမျိုးအစား၊ ဝင်ငွေရလမ်း၊​ရောင်းဝယ်လို​သောပမာဏ ၊​ဈေးနှုန်း ၊ဝယ်လို သည့်အ​ကြောင်းပြချက်များကို ဘဏ်များကမှန်ကန်​အောင်စစ်ဆေးရ မည် ဖြစ်ကြောင်း၊ ထိုစာရင်းများကို ပုဂ္ဂလိကဘဏ်များကစစ်​ဆေးပြီး နံနက် ၁၁ နာရီ ​နောက်ဆုံးထားပို့ရမည်ဖြစ်ကာ ၊အရောင်းအဝယ်ပြုလုပ်ရမည့် ပမာဏ၊ ငွေလဲနှုန်းများကို စစ်​ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များနှင့်ညှိနှိုင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ထို​နောက်တွင်မှ ​ရောင်းဝယ်ရမည်ပမာဏများကို စစ်ကောင်စီဗဟိုဘဏ်က နေ့လယ် ၁နာရီတွင် အကြောင်းပြန်မည်ဟု ညွှန် ကြားချက်တွင် ရေးသားထားသည်။

စစ်ကောင်စီဗဟိုဘဏ်က ဆုံးဖြတ်ပေးသည့် အရောင်းအဝယ်များကိုသာ ဘဏ် များက ဝန်ဆောင်မှုပေးရမည်ဖြစ်ဟု ကန့်သတ်ထိန်းချုပ်လိုက်ပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသော စျေးကွက်စီးပွားရေး အရောင်းအဝယ်တစ်ခုလုံးကို စစ် ကောင်စီက အမိန့်ဖြင့် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ဗဟိုဘဏ်က စျေးကွက်တွင် ပုဂ္ဂလိကဘဏ်များကဆောင်ရွက်သော ဒေါ်လာ အရောင်း အဝယ်အားလုံးကို ထိန်းချုပ်လိုက်ခြင်းသည် ရေတိုသာ ဖြစ်နိုင်ပြီး ရေရှည်တွင် နိုင်ငံခြားငွေ ပြတ်လပ်မည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်း အဝိုင်းက သုံး သပ်ပြော ဆို သည်။

“ပြင်ပစျေးကွက်ရဲ့ ဝယ်လိုအားကို ဗဟိုဘဏ်က အပြည့်ဖြည့်ပေးနိုင်ရင်တော့ ဒေါ်လာစျေးကို ငြိမ်အောင် ထိန်းနိုင်မယ်။ သူ့မှာ နိုင်ငံခြားအရန်ငွေကြေးမရှိဘဲ ရေရှည်ဝင်ထိန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရေတိုတော့ ရရင် ရမယ်။ ရေရှည်မှာ သွင်း ကုန်အားလုံးအတွက် ဗဟိုဘဏ်မှာ အရန်နိုင်ငံခြားငွေ ကြေးလုံလုံလောက် လောက်မရှိဘူး။ တစ်နိုင်ငံလုံး သွင်းကုန်က စက်သုံးဆီ တစ်ခုတည်းတင် အမေရိကန် ဒေါ်လာ တစ်နှစ်ကို အနည်းဆုံးဒေါ်လာ ၂ ဘီလီယံအထက်မှာ ရှိတယ်။ အရမ်းသုံးများတဲ့နှစ်ဆိုရင် စက်သုံးဆီချည်းပဲ ဒေါ်လာ ၃ ဘီလီယံ ဖိုးလောက် တင်သွင်းရတယ် ။ အဲဒါ စက်သုံးဆီ တစ်ခုတည်းနော်။ ကျန်တာ တွေ အပါဆိုရင် သွင်းကုန်အတွက် လိုအပ်တဲ့ ဒေါ်လာက ၁၈ ဘီလီယံ လောက် မှာရှိတယ်။ အဲဒီလောက် သူ့မှာ နိုင်ငံခြားငွေ အရန် ငွေကြေး မရှိဘူး။ အခုတော့ လန့်တက်ပြီး အမြင့်ဆုံးမရောက်အောင် စစ်တပ်က ဝင်ထိန်း ကြည့် တဲ့ သဘော ပဲ။ ရေရှည်ကတော့ ဒေါ်လာက ရှားပါးလာမယ်။ အခုတောင် ငွေပေး ငွေယူ တွေ က အိမ်နီးချင်းနိုင်ငံတွေနဲ့လုပ်ဖို့က စီးပွားရေးပိတ်ဆို့ထားလို့ ခက်နေပြီ” ဟု ပြည်တွင်း ပို့ကုန်/သွင်းကုန် စီးပွားရေး တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ဇွန်လ ၂၂ ရက်နေ့တွင် နိုင်ငံခြားငွေ လိုင်စင်ရဘဏ် ၆ ခုသို့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၉ သန်းကို ငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၉၂၀/၂၉၂၂ ဖြင့်ရောင်းချပေးခဲ့ကြောင်း၊ ထို့ပြင် USD SWAP Financing အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကိုလည်း ရောင်းချ ပေးခဲ့ကြောင်း၊ လူမှုကွန်ရက်များတွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်းများမှာ တရား မဝင်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ကြေညာသည်။

A soldier stands outside Myanmar’s Central Bank during a protest against the military coup, in Yangon, Myanmar, February 15, 2021. REUTERS/Stringer
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article