ဖရူဆိုမြို့နယ်ကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီး
ရန်ကုန်၊ ဇွန် ၂၃
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဇွန်လ ၂၃ ရက်နေ့ နံနက် ၄ နာရီကျော်ခန့်တွင် ဖရူဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။
ထို့ပြင် ပြည်သူပိုင် နေအိမ် တချို့ ထိမှန် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖရူဆိုမြို့ အနောက်ဘက်ခြမ်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လေယာဉ်နှင့် ဗုံးကျဲတိုက်ခိုက်သည်မှာ ၃ ကြိမ်ရှိပြီ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။


