29 C
Yangon

သမ္မတပူတင်ကို သေနတ်ပြောင်းလှည့်ပြီး ရုရှားစစ်တပ်တွေကို ပြန်တိုက်ဖို့ မြို့နှစ်မြို့ကို ချီတက်သိမ်းပိုက်လိုက်တဲ့ Wanger ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Prigozhin ဘယ်လိုလူစားလဲ

Must read

သမ္မတပူတင်ကို သေနတ်ပြောင်းလှည့်ပြီး ရုရှားစစ်တပ်တွေကို ပြန်တိုက်ဖို့ မြို့နှစ်မြို့ကို ချီတက်သိမ်းပိုက်လိုက်တဲ့ Wanger ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Prigozhin ဘယ်လိုလူစားလဲ

ရန်ကုန်၊ ဇွန် ၂၄

ရုရှားသမ္မတပူတင်ရဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်ပြီး ယူကရိန်းကို တိုက်ခိုက်ရာ မှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့တဲ့ Wanger ကြေးစားတပ်ဖွဲ့ခေါင်းဆောင် Yevgeny Prigozhin က အခုနောက်ဆုံးမှာ ရုရှားသမ္မတ ပူတင်ရဲ့ စစ်တပ်တွေ ကို ပြန်တိုက်ဖို့ စစ်ချီလာနေပါပြီ။ ရုရှားရဲ့ အဓိက ကျတဲ့ Rostov-on-Don နဲ့ Voronezh မြို့နှစ်ခုကိုလည်း သိမ်းယူလိုက်ပါပြီ။

Wanger ကြေးစားတပ်ဖွဲ့ က သိမ်းယူလိုက်တဲ့ ဒီမြို့နှစ်ခုက ရုရှားသမ္မတပူတင် ရှိနေတဲ့ မော်စကိုနဲ့ သိပ်မဝေးလှတော့ပါဘူး။

ယူကရိန်းစစ်ပွဲ မှာ လက်နက်ခဲယမ်းတွေ အချိန်မီ မပေးပို့ခဲ့တာ၊ ရုရှား စစ်တပ် တွေက Wanger ကြေးစားတပ်ဖွဲ့ရဲ့ အခြေစိုက်စစ်စခန်းကို တိုက်ခိုက်မှုနောက် ဆက်တွဲ Wanger တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးစေခဲ့တာကြောင့် ရုရှားစစ်တပ်အကြီးအကဲတွေကို ဖြုတ်ချဖို့ Wanger ကြေးစားတပ်ဖွဲ့ ခေါင်း ဆောင် Yevgeny Prigozhin က မော်စကိုကို ချီတက်မယ်လို့ ကြွေး ကြော် လိုက်ပါတယ်။

အဲဒီကြွေးကြော်မှုနဲ့အတူ ရုရှားစစ်တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့ ၂ မြို့ကို စတင်သိမ်းယူပြီး မော်စကိုဆီကို သူ့တပ်တွေက ဦးတည်နေပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ Wanger ကြေးစားတပ်ရဲ့ အပြုအမူတွေကို လက် နက် ကိုင် သူပုန်ထမှုအဖြစ် ကြေညာပြီး ကျူးလွန်သူတွေကို ထိထိ ရောက် ရောက် အရေးယူဖို့ အကြမ်းဖက် နှိမ်နင်းရေးတွေလုပ်ဖို့ စစ်တပ်ကို အမိန့် ပေးလိုက်ပြီဖြစ်တဲ့အကြောင်း တိုင်းပြည်ကို ကြေညာသွားပါတယ်။

ရုရှားအစိုးရကတော့ မော်စကိုမှာ လုံခြုံရေးတွေ အပြည့်ချထားလိုက်ပြီး ရုရှား နိုင်ငံထဲမှာလည်း အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။

ရုရှားသမ္မတပူတင်ကို ပြန်ခြိမ်းခြောက်နေတဲ့ Wanger ကြေးစား တပ်ဖွဲ့ခေါင်း ဆောင် Prigozhin ဘယ်လိုလူစားပါလဲ။

Yevgeny Prigozhin က ရုရှားရဲ့ ပုဂ္ဂလိက ကြေးစားစစ်တပ် Wagner အဖွဲ့ တည်ထောင်သူဖြစ်ပါတယ်။ သူက ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ မှာ နောက်ကွယ်ကနေ မထင်မရှားပဲ အဓိက အခန်းကဏ္ဍကပါဝင်နေပါတယ်။ သူဟာ ပူတင် သမ္မတ မဖြစ်ခင်ကတည်းက သိကျွမ်းခဲ့တဲ့ မိတ်ဆွေ တစ်ဦးပါ။

Prigozhin နဲ့ ပူတင်တို့က ၁၉၉၀ ခုနှစ်ကတည်းက မိတ်ဆွေတွေဖြစ်ခဲ့ကြ တာပါ။ အဲဒီနောက်မှာ ပူတင် သမ္မတဖြစ်လာပြီးတဲ့နောက် ရုရှားအစိုးရအတွက် အစားအသောက် ဝန်ဆောင်မှု ကန်ထရိုက်စာချုပ်တွေရရှိပြီး Prigozhin ကြွယ်၀ ချမ်းသာ လာပါတယ်။ သူ့ကို ပူတင်ရဲ့ စားဖိုမှူးလို့တောင် ခေါ်ဝေါ်ခဲ့ကြ ပါတယ်။

Prigozhin က ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်အဖြစ်သို့ အသွင်ပြောင်း လဲ ခြင်းက ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ယူကရိန်းအရှေ့ပိုင်းရှိ Donbas မှာ ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးလှုပ်ရှားမှု ဖြစ်လာတဲ့ ၂၀၁၄ ခုနှစ် မှာ Prigozhin က Wagner ကြေးစားစစ်တပ်ကို ထူထောင်ခဲ့ပါတယ်။ ရုရှား စစ်တပ်ကလည်း Wanger အဖွဲ့ကို စစ်ရေးအကူအညီနဲ့ လက်နက်တွေ တပ် ဆင်ပေးခဲ့ပါတယ်။

Prigozhin ရဲ့ Wagner ကြေးစားစစ်တပ်က ယူကရိန်းတင်မကဘဲ ဗဟို အာဖရိက သမ္မတနိုင်ငံ၊ ဆူဒန်၊ လစ်ဗျား၊ မိုဇမ်ဘစ် ဆီးရီးယားမှာပါ ပါဝင်တိုက် ခိုက်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် Prigozhin ရဲ့ Wanger တပ်တွေက ယူကရိန်းကို ရုရှားကကျူး ကျော် ရာမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ပါတယ်။ အထူးသဖြင့် Wagner တပ်ဖွဲ့က ယူကရိန်းအရှေ့ပိုင်းကို တိုက်ခိုက်ခဲ့ပြီး Soledar၊ Bakhmut ရဲ့ အရှေ့မြောက်ဘက်မိုင်အနည်းငယ်နှင့်မြို့ပတ်၀န်းကျင်ဒေသ တွေကို သိမ်း ပိုက်ရာမှာ အဓိက ပါဝင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Prigozhin က ယူကရိန်းမှာ စစ်ပွဲ အခြေမလှတဲ့အတွက် ရုရှားစစ်တပ်ခေါင်းဆောင်တွေကို ပြတ်ပြတ်သားသားဝေဖန်သူဖြစ်လာပြီး ပူတင်ကို အခက်တွေ့စေခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမြို့ကို တိုက်ခိုက်ရာမှာ ရုရှားအစိုးရနဲ့စစ်တပ်ရဲ့ လက်နက် ခဲယမ်း အပါအဝင် အကူအညီတွေ ထောက်ပံ့မှု မလုံလောက်လို့ တစ်လ ကျော် ကြာ စောဒကတက်ခဲ့ပြီးနောက် မေလမှာ ယူကရိန်းကနေ Wanger တပ်တွေ ပြန်ဆုတ်ခွာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် Wanger ကြေးစားစစ်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရပါတယ်။

အခုအချိန်မှာတော့ Prigozhin က ရုရှားစစ်တပ်ကို လုံးလုံးလျားလျား တော်လှန်ဖို့ ကြေညာ ချီတက်ပြီး မြို့တွေကို သိမ်းယူနေပါတယ်။

တစ်ချိန်က အရင်းနှီးမိတ်ဆွေတွေက အခုတော့ အကြီးမားဆုံးသော ရန်သူတွေ အဖြစ် ရုရှားသမ္မတပူတင်ကိုယ်တိုင်က Prigozhin ကို ပုန်ကန်သူ အဖြစ် ကြေ ညာ ပြီး နှိမ်နင်းဖို့ တိုင်းပြည်ကို အသိပေး ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ- Wanger ကြေးစားစစ်တပ် ခေါင်းဆောင် Prigozhinနှင့် Wanger တပ်ဖွဲ့ဝင်တွေက ရုရှားမြို့ ၂ မြို့ကို သိမ်းပိုက်ထားသည့် ဓာတ်ပုံများ။

Photo- Reuters

FILE – Yevgeny Prigozhin, the owner of the Wagner Group military company, arrives during a funeral ceremony at the Troyekurovskoye cemetery in Moscow, Russia, on April 8, 2023. On Friday, June 23, Prigozhin made his most direct challenge to the Kremlin yet, calling for an armed rebellion aimed at ousting Russia’s defense minister. The security services reacted immediately by calling for his arrest. (AP Photo/File)Yevgeny Prigozhin attends a funeral in Moscow on April 8. AP
Fighters of Wagner private mercenary group stand guard in a street near the headquarters of the Southern Military District in the city of Rostov-on-Don, Russia, June 24, 2023. REUTERS/Stringer
Fighters of Wagner private mercenary group stand guard in a street near the headquarters of the Southern Military District in the city of Rostov-on-Don, Russia, June 24, 2023. REUTERS/StringerFighters of Wagner private mercenary group stand guard in a street near the Southern Military Headquarters in Rostov-on-Don, Russia, on June 24. Stringer/Reuters
A fighter of Wagner private mercenary group stands guard in a street near the headquarters of the Southern Military District in the city of Rostov-on-Don, Russia, June 24, 2023. REUTERS/Stringer
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article